OnePlus Watch ကို စင်ကာပူမှာ မှတ်ပုံတင်ထားပြီ

OnePlus ဟာ ကုမ္ပဏီရဲ့ ပထမဆုံး စမတ်နာရီကို မကြာခင် ကြေညာတော့မယ်လို့ ထင်ရပါတယ်။ OnePlus ဟာ စမတ်ဖုန်း ကုမ္ပဏီ အဖြစ် စတင်ခဲ့ပြီး မကြာခင်ကပဲ စမတ်တီဗီ နယ်ပယ်ထဲ ဝင်ရောက်ခဲ့ပါတယ်။ အခုတော့ OnePlus Watch လို့ အမည်ပေးထားတဲ့ စမတ်နာရီ ၁ လုံးကို ရောင်းချဖို့ ပြင်ဆင်နေပါတယ်။

OnePlus Watch ကို စင်ကာပူ IMDA မှာ မှတ်ပုံတင်ထားပြီး အဲဒီမှာ စမတ်နာရီရဲ့ မော်ဒယ်နံပါတ်က W301GB ဖြစ်ပါတယ်။

စမတ်နာရီရဲ့ ဓါတ်ပုံတွေ မထွက်လာသေးတဲ့အတွက် သူ့ရဲ့ ဒီဇိုင်းကို မသိရသေးပါဘူး။ ဒါ့အပြင် Specs ၊ လုပ်ဆောင်ချက်တွေနဲ့ ကြေညာမယ့် အချိန် သတင်းတွေလည်း မထွက်လာသေးပါဘူး။ OnePlus 8T နဲ့အတူ ကြေညာနိုင်ပါတယ်။

စမတ်နာရီ အသစ် ကြေညာဖို့ စီစဉ်နေတာ OnePlus ကုမ္ပဏီ ၁ ခုထဲ မဟုတ်ပါဘူး။ Vivo ကလည်း စမတ်နာရီ ၁ လုံးကို ကြေညာဖို့ ပြင်ဆင်နေပြီး OPPO ကတော့ OPPO Watch , OPPO Band တို့နဲ့ Wearable ဈေးကွက်ထဲကို ဒီနှစ်ထဲမှာ ဝင်ရောက်လာပါတယ်။ OnePlus Watch မှာ Fitness Tracker ကို အသားပေးထားမလား ၊ သာမာန် စမတ်နာရီတွေရဲ့ Function တွေကို အသားပေးထားမလား ဆိုတာ စောင့်ကြည့်ရမှာပါ။

Ref : gizmochina

%d bloggers like this: