0 Shares 1791 Views

တရုတ်ပြည်တွင်းစမတ်ဖုန်းဈေးကွက်မှာ Xiaomi ကို ကျော်ဖြတ်ပြီး၊ Huawei ထိပ်ဆုံးက ဦးဆောင်

Aug 18, 2016
0 1791

တရုတ်အခြေစိုက်ဈေးကွက်လေ့လာရေးကုမ္ပဏီ IDC က နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ တရုတ်စမတ်ဖုန်းဈေးကွက်ဟာ ဒုတိယသုံးလပတ် (Q2) အတွင်းမှာ သိသိသာသာပြောင်းလဲမှုတွေ ရှိခဲ့တာကို တွေ့မြင်ရပါတယ်။

တရုတ်စမတ်ဖုန်းဈေးကွက်မှာ ထိပ်ဆုံးနေရာက ဦးဆောင်ခဲ့တဲ့ Xiaomi ကုမ္ပဏီဟာ ယခုနှစ်ဒုတိယသုံးလပတ်မှာ စမတ်ဖုန်းအလုံးရေ ၁၀.၅ သန်းသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး၊ ယခင်နှစ် ဒု-သုံးလပတ်မှာ ရောင်းချခဲ့ရတဲ့ အလုံးရေ ၁၇.၁ သန်းထက် အများကြီးလျော့နည်းသွားခဲ့ပါတယ်။

အခုလို ၃၈ ရာခိုင်နှုန်းအထိ ဆိုးရွားစွာကျဆင်းခဲ့မှုကြောင့် Xiaomi ဟာ နံပါတ် ၄ နေရာအထိ ထိုးဆင်းသွားခဲ့ပြီး၊ Huawei ကုမ္ပဏီကတော့ တရုတ်ပြည်ဈေးကွက်ဝေစုကို ၁၇.၂ ရာခိုင်နှုန်းအထိ သိမ်းပိုက်ကာ၊ ထိပ်ဆုံးနေရာကို ဦးဆောင်နိုင်ခဲ့ပါတယ်။ Huawei ကုမ္ပဏီဟာ ယခုနှစ်ဒုတိယသုံးလပတ်မှာ စမတ်ဖုန်းအလုံးရေ ၁၉.၁ သန်းအထိ တင်ပို့ရောင်းချနိုင်ခဲ့တယ်လို့ IDC ရဲ့ စာရင်းဇယားမှာ ဖော်ပြထားပါတယ်။

Huawei နောက်မှာတော့ ပြိုင်ဘက်တရုတ်စမတ်ဖုန်းကုမ္ပဏီတွေဖြစ်တဲ့ Oppo နဲ့ Vivo တို့က စမတ်ဖုန်းတင်ပို့မှုအလုံးရေ ၁၈ သန်းနဲ့ ၁၄.၇ သန်း အသီးသီးနဲ့ ဒုတိယနဲ့ တတိယနေရာတို့မှာ ရပ်တည်လျက်ရှိပါတယ်။

440081471244628936

တရုတ်စမတ်ဖုန်းဈေးကွက်ရဲ့ နံပါတ် ၅ နေရာကိုတော့ တရုတ်ကုမ္ပဏီမဟုတ်တဲ့ Apple က နေရာယူထားပြီး၊ စမတ်ဖုန်းတင်ပို့ရောင်းချရမှု အလုံးရေ ၈.၆ သန်းရှိခဲ့ကာ၊ တရုတ်ဈေးကွက်ရဲ့ ၇.၈ ရာခိုင်နှုန်းကို သိမ်းပိုက်ထားပါတယ်။

Xiaomi ဘက်ကတော့ IDC ရဲ့ ယခုကိန်းဂဏန်းတွေကို ငြင်းဆိုထားပြီး၊ တခြားသုတေသနကုမ္ပဏီတွေရဲ့ အစီရင်ခံစာတွေမှာ ဒီထက်ပမာဏများကြောင်း ထောက်ပြခဲ့ပါတယ်။

ဒါပေမယ့် စိတ်မကောင်းစရာတစ်ခုကတော့ တခြားအစီရင်ခံစာတွေမှာလည်း Xiaomi ရဲ့ ယခုသုံးလပတ်တင်ပို့မှုဟာ အရင်နှစ်ကထက် အများကြီးလျော့ကျနေတာကို တွေ့ရှိခဲ့ရပါတယ်။

Ref: Tech Crunch

 

You may be interested

ကမ္ဘာ့ဈေးကွက်တွင်းသို့ ပိုမိုထိုးဖောက်ရန် စီစဉ်နေကြောင်း Vivo ထုတ်ပြန်ကြေညာ
FEATURES, HUBS, Mobile & Tablets
46 shares2 views

ကမ္ဘာ့ဈေးကွက်တွင်းသို့ ပိုမိုထိုးဖောက်ရန် စီစဉ်နေကြောင်း Vivo ထုတ်ပြန်ကြေညာ

Ko Thuya - Oct 21, 2017

ကမ္ဘာတစ်ဝှမ်းမှ ငယ်ရွယ်သူများ ကိုယ့်ကိုကိုယ် ထုတ်ဖော်ပြသနိုင်မှု ပိုမိုလာစေရန် ပြည့်စုံသည့် ထုတ်ကုန်ထုတ်လုပ်မှု စနစ်ဖြင့် ဈေးကွက်သစ်တွင်းသို့ ဝင်ရောက်တော့မည် ရှင်းကျန့်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ၂၀၊ အောက်တိုဘာ၊ ၂၀၁၇ ကမ္ဘာ့စမတ်ဖုန်းအမှတ်တံဆိပ်များတွင် နုပျိုစွာဖြင့် ဦးဆောင်ပါဝင်နေသည့် Vivo သည် အောက်တိုဘာလ ၂၀ ရက်နေ့တွင်…

Apple က iPhone 8 ရောင်းအား မကောင်း၍ ထုတ်လုပ်မှုကို ထက်ဝက် လျှော့ချ
Apple, HUBS, Mobiles & Tablets
31 shares6 views

Apple က iPhone 8 ရောင်းအား မကောင်း၍ ထုတ်လုပ်မှုကို ထက်ဝက် လျှော့ချ

Ko Thuya - Oct 21, 2017

Apple Fans များဟာ iPhone 8 အစား iPhone X ကို ၀ယ်ယူဖို့ စောင့်ဆိုင်းနေတဲ့ သတင်းများထွက်ပေါ်ခဲ့ဖူးပါတယ်။ iPhone 8 ရောင်းချတဲ့အချိန်မှာလည်း Apple Store များမှာ ကြိတ်ကြိတ်တိုး ၀ယ်ယူမှု နည်းပါးခဲ့ပါတယ်။ မကြာခင်ကလည်း iPhone…

Huawei က ခေါက်ချိုးနိုင်တဲ့ စမတ်ဖုန်းကို လာမယ့်နှစ်မှာ ရောင်းမည်
Mobiles & Tablets, NEWS
272 shares31 views

Huawei က ခေါက်ချိုးနိုင်တဲ့ စမတ်ဖုန်းကို လာမယ့်နှစ်မှာ ရောင်းမည်

Ko Thuya - Oct 21, 2017

Huawei ရဲ့ Consumer Business Group မှ စီအီးအို ဖြစ်သူ Richard Yu က Mate 10 စမတ်ဖုန်းများ မိတ်ဆက်ပွဲမှာ CNET နဲ့ အင်တာဗျူးတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီ အင်တာဗျူးမှာ စိတ်ဝင်စားစရာကောင်းတဲ့ သတင်းအချို့ကို…

Most from this category