Apple App Store မှာ ၂၀၂၀ ပထမနှစ်ဝက်အတွင်း ဂိမ်းကနေ ဝင်ငွေ ဒေါ်လာ ၂၂.၂ ဘီလီယမ်ရခဲ့

SensorTower နဲ့ Statista တို့ရဲ့ စစ်တမ်းအရ Apple ဟာ App Store ကနေ ၂၀၂၀ ပထမနှစ်ဝက်အတွင်း ဂိမ်းကနေ ဝင်ငွေ ဒေါ်လာ ၂၂.၂ ဘီလီယမ်ရခဲ့တယ်လို့ သိရပါတယ်။ စံချိန်တင် ဝင်ငွေ ဖြစ်ပြီး အရင်နှစ် ပထမနှစ်ဝက်က ၁၈.၁ ဘီလီယမ်ထက် ၂၃ ရာခိုင်နှုန်း တိုးတက်လာတာပါ။ ဧပြီလနဲ့ ဇွန်လအတွင်းမှာ Apple ဟာ ၁၁.၆ ဘီလီယမ်တောင်ရခဲ့ပြီး Google Play Store ကတော့ အဲဒီကာလမှာ ၇.၇ ဘီလီယမ်ပဲ ရခဲ့ပါတယ်။

Google က ၂၀၂၀ ပထမနှစ်ဝက်မှာ မိုဘိုင်း ဂိမ်းကနေ ဝင်ငွေ ၁၄.၆ ဘီလီယမ်ရခဲ့ပြီး Apple က Google ထက် ၅၂ ရာခိုင်နှုန်း ပိုများခဲ့ပါတယ်။ Google က Apple ထက်သာသွားတဲ့ တစ်နေရာတော့ ရှိပါတယ်။ အဲဒါကတော့ မိုဘိုင်း ဂိမ်း Download အရေအတွက် ဖြစ်ပြီး ၂၀၂၀ ပထမနှစ်ဝက်အတွင်း Google Play Store မှာ Download အရေအတွက် ၂၂.၈ ဘီလီယမ်နဲ့ Apple App Store မှာ ၅.၇ ဘီလီယမ်ပဲ ရှိခဲ့ပါတယ်။

စစ်တမ်းအရ ကပ်ရောဂါ ကာလမှာ မိုဘိုင်း ဂိမ်းကစားသူတွေ အရမ်းများလာတာ သိသာပါတယ်။ SensorTower ရဲ့ စစ်တမ်းအရ PUBG Mobile နဲ့ Honor of Kings တို့ဟာ ၂၀၂၀ ပထမနှစ်ဝက်မှာ ဝင်ငွေ အကောင်းဆုံး ဂိမ်းတွေ ဖြစ်ပြီး ဂိမ်း ၂ ခုစလုံးကနေ ဝင်ငွေ ၁ ဘီလီယမ်ကျော် ရရှိခဲ့ပါတယ်။ Monster Strike ရဲ့ ဝင်ငွေကလည်း မသေးဘဲ ၆၃၂ သန်းလောက် ရခဲ့ပါတယ်။

Ref : gsmarena

%d bloggers like this: