Flip ကင်မရာ ပါတဲ့ စွမ်းရည်မြင့် Asus ZenFone 7 နဲ့ ZenFone 7 Pro ကို ကြေညာပြီ

Asus က ထိုင်ဝမ်မှာ စွမ်းရည်မြင့် Asus ZenFone 7 နဲ့ ZenFone 7 Pro ကို ကြေညာလိုက်ပါတယ်။ သူတို့မှာ အစိတ်အပိုင်း အများစု တူညီကြပြီး ကွဲပြားချက် အနည်းငယ်ပဲ ပါပါတယ်။ ၂ လုံးစလုံးမှာ ၆.၆၇ လက်မ FullHD+ AMOLED 90Hz Refresh Rate မျက်နှာပြင် ထည့်သွင်းထားပြီး 200Hz Touch Sampling Rate ပါတဲ့အတွက် မျက်နှာပြင် တုန့်ပြန်မှု လန်းပါတယ်။

ZenFone 7 မှာ Snapdragon 865 နဲ့ 7 Pro မှာ Snapdragon 865+ တွေ ထည့်သွင်းထားပြီး ၂ လုံးစလုံးမှာ 5G ပါပါတယ်။ အရှေ့ ကင်မရာ မပါဘဲ ကင်မရာ ၃ လုံးကို အရှေ့နဲ့ အနောက်ဘက်လှည့်ကာ သုံးနိုင်ပါတယ်။ ၂ လုံးစလုံးရဲ့ ကင်မရာတွေက 64MP Sony IMX686 Main , 12MP Ultrawide နဲ့ 8MP Telephoto (3x Optical Zoom & 12x Digital Zoom) ဖြစ်ပြီး 7 Pro ရဲ့ Main နဲ့ Telephoto မှာ OIS ပါပါတယ်။ 7 မှာတော့ မပါလာပါဘူး။

Asus က Flip ကင်မရာဟာ အရင်မျိုးဆက်ထက် ၄၀ ရာခိုင်နှုန်း ပိုသေးသွားပြီး ပိုအားကောင်းတဲ့ မော်တာ တပ်ဆင်ထားတယ်လို့ ပြောပါတယ်။ ကင်မရာမှာ Angle Sensor ပါလာပြီး ဓါတ်ပုံ ရိုက်တဲ့အခါ သင် ကြိုတင်သတ်မှတ်ထားတဲ့ Angle ကို ရွေ့လျားပေးပါတယ်။ သူက သင်နှစ်သက်တဲ့ Angle ၃ ခုအထိ မှတ်သားထားနိုင်ပြီး မြန်မြန် ပြောင်းပေးနိုင်ပါတယ်။ ကင်မရာတွေအတွက် အကြမ်းခံတဲ့ Active Case ကို ထည့်သွင်းပေးထားပါတယ်။

ASUS ZenFone 7 and ZenFone 7 Pro specifications

• 6.67-inch (2400 × 1080 pixels) Full HD+ 90Hz AMOLED HDR 20:9 aspect ratio display, 110% DCI-P3, 105% NTSC color gamut, 700 nits brightness, Corning Gorilla Glass 6 protection
• ZenFone 7 Pro – 3.1 GHz Octa-Core Snapdragon 865 Plus 7nm Mobile Platform with Adreno 650 GPU
• ZenFone 7 – 2.84GHz Octa-Core Snapdragon 865 7nm Mobile Platform with Adreno 650 GPU
• ZenFone 7 Pro – 8GB LPDDR5 RAM with 512GB (UFS 3.1) storage, expandable memory up to 2TB with microSD
• ZenFone 7 – 6GB/ 8GB LPDDR5 RAM with 128GB (UFS 3.1) storage, expandable memory up to 2TB with microSD
• Android 10 with ZenUI 7
• Dual SIM (nano + nano + microSD)
• 64MP camera with Sony IMX686 sensor, 0.8μm pixel size, f/1.8 aperture, 4-axis OIS (only in 7 Pro), 12MP ultra-wide camera with Sony IMX363 sensor, f/2.2 aperture, 4cm macro mode, 8MP telephoto camera with 3x optical zoom, up to 12x digital zoom, 4-axis OIS (only in 7 Pro), 8k video at 30 fps, 4k at 60fps, 4k ultra-wide, slow-motion 4K at 120 fps, 1080p at 240fps
• USB Type-C Hi-Res audio, 5-magnet stereo speaker with dual NXP TFA9874 smart amplifier, Triple microphones with ASUS Noise Reduction Technology
• Side-mounted fingerprint recognition sensor
• Dimensions: 165.08×77.28×9.6mm; Weight: 230g
• 5G SA/NSA, Dual 4G VoLTE, Wi-Fi 802.11ax, Bluetooth 5.1, GPS/GLONASS/Beidou, Galileo(E1+E5a), QZSS(L1+L5), NavIC(L5), USB Type-C, NFC
• 5000mAh (typical) with 30W fast charging, supports up to 30W QC4.0 / PD3.0 / Direct Charge adapter

ZenFone 7 အတွက် 6/128GB နဲ့ 8/128GB ၂ မျိုးထုတ်လုပ်ထားပြီး ထိုင်ဝမ်ဒေါ်လာ ၂၁,၉၉၀ နဲ့ ၂၃,၉၉၀ အသီးသီး သတ်မှတ်ထားပါတယ်။ ၁၀ သိန်း ၁ သောင်းနဲ့ ၁၁ သိန်းလောက် ကျသင့်မှာပါ။ 7 Pro အတွက် 8/256GB ၁ မျိုးထဲထုတ်လုပ်ထားပြီး ထိုင်ဝမ် ဒေါ်လာ ၂၇,၉၉၀ သတ်မှတ်ထားပါတယ်။ ၁၂ သိန်း ၉ သောင်းလောက်ကျသင့်မှာပါ။ ၂ လုံးစလုံးအတွက် Aurora Black နဲ့ Pastel White ၂ ရောင်ထုတ်လုပ်ထားပြီး ထိုင်ဝမ်မှာ ရောင်းပေးလိုက်ပါပြီ။

Ref : fonearena

%d bloggers like this: