iPhone SE (2020) ကို အိန္ဒိယမှာ ထုတ်ပြီ

Apple ဟာ အခွန်သက်သာဖို့အတွက် အိန္ဒိယမှာ iPhone ထုတ်လုပ်ဖို့ ကြိုးစားနေပါတယ်။ ပထမမျိုးဆက် iPhone SE ကို ၂၀၁၇ ခုနှစ်မှာ အိန္ဒိယမှာ ထုတ်လုပ်ခဲ့သလို iPhone 6s , iPhone 7 , XR နဲ့ iPhone 11 တို့ကိုလည်း အဲဒီမှာပဲ ထုတ်လုပ်ခဲ့ပါတယ်။

အခုတော့ Apple ဟာ iPhone SE (2020) ကို အိန္ဒိယမှာ စတင် ထုတ်လုပ်နေပြီ ဖြစ်ပြီး အိန္ဒိယမှာ ထုတ်လုပ်တဲ့ ခြောက်လုံးမြောက်ဖုန်း ဖြစ်လာပါတယ်။ အဲဒီ သတင်းကို Apple က ဒေသတွင်း မီဒီယာကို အတည်ပြုခဲ့တာပါ။ အဲဒီဖုန်းကို Apple Day Sales အနေနဲ့ ရူပီး ၃၅,၉၉၉ နဲ့ ရောင်းပေးထားပြီး အခုလို နိုင်ငံထဲမှာပဲ ထုတ်မယ်ဆိုရင် ဒီထက်ဈေးပိုကျသွားမှာပါ။ လာမယ့် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ အိန္ဒိယ နိုင်ငံတွင်းထုတ်တဲ့ iPhone SE (2020) ကို စတိုးတွေမှာ ရောင်းမယ်လို့ထင်ပါတယ်။

စမတ်ဖုန်း ကုမ္ပဏီတွေ အိန္ဒိယမှာ ဖုန်း ထုတ်လုပ်တဲ့ အဓိက အကြောင်းအရင်းက တင်သွင်းခွန် ၂၀ ရာခိုင်နှုန်းကို ရှောင်ရှားဖို့ ဖြစ်ပါတယ်။ Apple ဟာ iPhone ထုတ်လုပ်မှု ၂၀ ရာခိုင်နှုန်းကို တရုတ်ကနေ အိန္ဒိယသို့ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပါတယ်။

Ref : gsmarena

%d bloggers like this: