0 Shares 120 Views

၂၀၁၅ ခုနှစ်အတွင်း ဖုန်းအလုံးရေ သန်း ၇၀ ရောင်းချရပြီး တရုတ်စမတ်ဖုန်းဈေးကွက်ကို Xiaomi ဦးဆောင်

Jan 18, 2016
0 120

xiaomiredminote2-2

တရုတ်အီလက်ထရောနစ်ပစ္စည်းထုတ်လုပ်သူကုမ္ပဏီ Xiaomi ဟာ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ စမတ်ဖုန်းအလုံးရေ သန်း ၇၀ ရောင်းချရပြီး၊ ပြည်တွင်းစမတ်ဖုန်းဈေးကွက်ရဲ့ဝေစုအများကို အရယူနိုင်ခဲ့ကြောင်း သောကြာနေ့က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ဒီ ပမာဏဟာ ကုမ္ပဏီ CEO ၊ Lei Jun သတ်မှတ်ထားတဲ့ အလုံးရေ သန်း၁၀၀ လျာထားချက်ထက် သန်း ၃၀ လောက် လိုအပ်နေခဲ့တယ်လို့ဆိုပါတယ်။

ဘေဂျင်းမြို့အခြေစိုက်၊ကုမ္ပဏီအသစ်တစ်ခုဖြစ်တဲ့ Xiaomi ဟာ ၂၀၁၅ ခုနှစ်အတွင်း စမတ်ဖုန်းအလုံးရေ သန်း ၈၀ ကနေ သန်း ၁၀၀ အတွင်းရောင်းချနိုင်ဖို့ ရည်မှန်းထားခဲ့ပေမယ့်၊ ၂၀၁၅နှစ်ဝက်လောက်မှာ၊ တရုတ်စမတ်ဖုန်းဈေးကွက်တိုးတက်မှုနှေးကွေးခဲ့သလို၊ တခြားတရုတ်ပြိုင်ဘက်ကုမ္ပဏီတွေရဲ့ ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုတွေကြောင့် အခုလိုလျာထားချက်မပြည့်မီခဲ့တာဖြစ်ပါတယ်။

Xiaomi ဟာ အဓိကပြိုင်ဘက်ဖြစ်တဲ့ Huawei ကို ပြည်တွင်းဈေးကွက်မှာအနိုင်ယူနိုင်ခဲ့ပေမယ့်၊ Huawei ကုမ္ပဏီဟာ နိုင်ငံတကာကုမ္ပဏီကြီးဖြစ်တဲ့ Google နဲ့ပူးပေါင်းကာ Nexus 6P ဖုန်းကို ထုတ်လုပ်နိုင်ခဲ့မှုတို့ကြောင်း နိုင်ငံတကာမှာ အသိများတဲ့တံဆိပ်တစ်ခုဖြစ်လာခဲ့သလို၊ နိုင်ငံတကာဈေးကွက် မှာလည်း Xiaomi ကို အနိုင်ယူခဲ့နိုင်တာကိုတွေ့ရပါတယ်။

Xiaomi ကုမ္ပဏီရဲ့ နောက်ထပ်ထုတ်ပြန်ချက်အရ၊ ယခုအခါ Android စနစ်ကိုအခြေခံထားတဲ့ ကုမ္ပဏီရဲ့ ကိုယ်ပိုင် UI စနစ်ဖြစ်တဲ့ MIUI (Me You I) ကို နိုင်ငံပေါင်း ၁၅၆ နိုင်ငံမှာ သုံးစွဲသူပေါင်း သန်း ၁၇၀ လောက် သုံးစွဲနေကြပြီဖြစ်တယ်လို့သိရပါတယ်။

စမတ်ဖုန်းအပြင်၊ Xiaomi ကုမ္ပဏီရဲ့ MiTV စီးရီးဟာလည်း ၂၀၁၅ ခုနှစ်မှာ အလုံးရေ ၁ သန်းကျော် ရောင်းချခဲ့ရပါတယ်။

Ref: Cnet

 

You may be interested

ကွေးညွှတ်ပျော့ပြောင်းတဲ့ iPhone ကို Apple ဖန်တီးနေ
Apple, HUBS, Mobiles & Tablets
208 shares45 views

ကွေးညွှတ်ပျော့ပြောင်းတဲ့ iPhone ကို Apple ဖန်တီးနေ

Ko Thuya - Nov 24, 2017

Apple က ကွေးညွှတ်ပျော့ပြောင်းတဲ့ iPhone အတွက် Patent တစ်ခုကို မှတ်ပုံတင်လိုက်ပါတယ်။ US Patent and Trademark Office (USPTO) မှ သတင်းအချက်အလက်များအရ အဲဒီ Patent ဟာ ကွေးညွှတ်ပျော့ပြောင်းတဲ့ မျက်နှာပြင်တပ်ဆင်ထားတဲ့ ကိရိယာ ဖြစ်ပြီး…

အမိုက်စားဖုန်းတို့ ဆုံစည်းရာ ၂၀၁၇ ခုနှစ်
Mobiles & Tablets, NEWS
340 shares147 views

အမိုက်စားဖုန်းတို့ ဆုံစည်းရာ ၂၀၁၇ ခုနှစ်

Nwe Oo - Nov 24, 2017

မကြာသေးခင်ကပဲ OnePlus 5T ဖုန်းတွေကို မိတ်ဆက်လိုက်ပြီးနောက်မှာတော့ ဖုန်းရဲ့ hardware ပိုင်းရော software ပိုင်းကိုပါ တော်တော်လေးစိတ်တိုင်းကျခဲ့ပါတယ်။ ပေးရတဲ့ $499 နဲ့တော်တော်ကြီးတန်တဲ့ဖုန်းတစ်လုံးလို့တော့ ဆိုရမှာပါ။ OnePlus ကုမ္ပဏီက အရမ်းတော့မကြီးပေမယ့်လည်း သူ့ရဲ့ဈေးကွက်ကို သူကိုယ်တိုင်နားလည်ပါတယ်။ $500 လောက်နဲ့  ကမ္ဘာမှာနာမည်ကြီးနေတဲ့…

Coolpad က တန်ဖိုးနည်း Note 5 Lite ကို ရောင်းချ
Mobiles & Tablets, NEWS
183 shares58 views

Coolpad က တန်ဖိုးနည်း Note 5 Lite ကို ရောင်းချ

Ko Thuya - Nov 24, 2017

Coolpad က အိန္ဒိယမှာ တန်ဖိုးနည်း Note 5 Model အသစ်တစ်ခုကို မိတ်ဆက်လိုက်ပါတယ်။ ယခုနှစ် သြဂုတ်လမှာ အိန္ဒိယတွင် ရောင်းချပေးခဲ့တဲ့ Note 5 Lite C ရဲ့ Storage ထက် နှစ်ဆ ပိုမိုများပြားတဲ့ 32GB…

Most from this category