Google ရဲ့ Android TV Dongle ကို မကြာခင် ကြေညာနိုင်

Google ရဲ့ ဟာ့ဒ်ဝဲ ထုတ်ကုန် အသစ်ကို FCC မှာ မှတ်ပုံတင်လိုက်ပြီ ဖြစ်ပြီး အဲဒါက Android TV အသစ် ဖြစ်ပါတယ်။ Google က သူ့ကို ဖန်တီးနေတာ ကြာပြီ ဖြစ်ပြီး FCC ကို ရောက်လာပြီ ဖြစ်တဲ့အတွက် မကြာခင် ကြေညာနိုင်ပါတယ်။

Google ဟာ လျှို့ဝှက်အမည် Sabrina လို့ ပေးထားတဲ့ TV Dongle ကို ဖန်တီးနေတယ်လို့ ဇွန်လက သတင်းထွက်ခဲ့ပါတယ်။ Android TV ဖြစ်ပြီး Remote နဲ့ ဖွင့်ရတဲ့ UI ပါလာမှာပါ။ အရင် Chromecast တွေလို စမတ်ဖုန်းနဲ့ ထိန်းချုပ်ရတာ မဟုတ်ပါဘူး။ FCC မှာ Interactive Media Streaming Device ဖြစ်ပြီး WiFi နဲ့ Bluetooth ပါမယ်လို့ ဖော်ပြထားပါတယ်။

Software ပါတဲ့ Android TV တွေ ဈေးကွက်ထဲမှာ များစွာ ရှိနေပြီ ဖြစ်ပြီး အဲဒီထဲမှာ ဒေါ်လာ ၁၅၀ ကစတဲ့ စွမ်းရည်မြင့် Nvidia Shield Series တွေနဲ့ ဒေါ်လာ ၆၀ တန် Xiaomi Mi Box S တို့ ပါပါတယ်။ Xiaomi က မကြာခင်ကပဲ ဒေါ်လာ ၄၀ တန် တန်ဖိုးနည်း Mi TV Stick ကို ကြေညာခဲ့ပြီး အိန္ဒိယနဲ့ ဥရောပမှာ ရောင်းပေးထားပါတယ်။

Ref : theverge

%d bloggers like this: