Honor Watch GS Pro Outdoor စမတ်နာရီကို နောက်လ ၄ ရက်နေ့ ကြေညာမည်

Honor က အကြမ်းခံတဲ့ Outdoor စမတ်နာရီ အသစ် ၁ လုံးကို နောက်လ ၄ ရက်နေ့ IFA နည်းပညာ ပြပွဲမှာ ကြေညာမှာ ဖြစ်ပြီး ကုမ္ပဏီက သူ့ရဲ့ လူမှုကွန်ရက်တွေမှာ “Set foot on your adventures with reliability strapped to your wrist. #DareToExplore?” စာသားနဲ့အတူ Tease လုပ်နေပါတယ်။

ဒီ ၁ ပတ်အစောပိုင်းက တရုတ် လူမှုကွန်ရက် ဝီဘိုမှာ Honor က GS Pro အကြမ်းခံ စမတ်နာရီကို မကြာခင် ကြေညာမယ်လို့ အတည်ပြုခဲ့ပြီး အထက်ပါ အကြမ်းခံတဲ့ Outdoor စမတ်နာရီဟာ အဲဒါနဲ့ တူမယ်လို့ ထင်ပါတယ်။ အကြမ်းခံတဲ့ ကိုယ်ထည်ပါတဲ့ စမတ်နာရီရဲ့ ဒီဇိုင်းကိုပါ ပြသထားပါတယ်။ Honor Magic Series တွေပြီးနောက် Honor ရဲ့ ပထမဆုံး Outdoor စမတ်နာရီ ဖြစ်လာနိုင်ပြီး Kirin A1 Chip နဲ့ ကိုယ်ပိုင် OS ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။

စက်တင်ဘာလ ၄ ရက်နေ့မှာ IFA ပွဲမှာ မိတ်ဆက်ပွဲ ပြုလုပ်မှာ ဖြစ်ပြီး ဈေးနှုန်းနဲ့ Specs အပြည့်အစုံကို သိလာရတော့မှာ ဖြစ်ပါတယ်။

Ref : fonearena

%d bloggers like this: