0 Shares 59 Views

ဝီကီပီးဒီးယား ၌အငြင်းပွားဖွယ်တည်းဖြတ်မှုအများဆုံးစာမျက်နှာများ

wikipedia logo

ကျွန်တော်တို့အမြဲတမ်း အသုံးပြုနေတဲ့ အွန်လိုင်းစွယ်စုံကျမ်း ဝီကီပီးဒီးယား ဟာ ဒီနေ့ဆိုရင် ၁၅နှစ်ပြည့်မြှောက်ခဲ့ပြီဖြစ်ပါတယ်။ ဒီလိုမျိုးအွန်လိုင်းစွယ်စုံကျမ်းကြီးတွေရှိတာဟာ ကျွန်တော်တို့အတွက်တော့ အလွန်ကောင်းမွန်တဲ့ နည်းပညာတစ်ရပ်ပါပဲ အရာရာတိုင်းကိုတစ်ခဏအတွင်းသိလာတယ်။ ဘယ်ဟာကိုမဆိုရှာဖွေဖော်ထုတ်မှတ်သားနိုင်လာတယ် စသည်ဖြင့်ပေါ့။

ဝီကီပီးဒီးယားရဲ့ အားသာချက်တစ်ခုက ကျွန်တော်တို့တွေသိတဲ့အကြောင်းအရာတစ်ခုကိုဆိုရင် ထိန်းချုပ်မထားပဲ အဲ့ဒီအကြောင်းအရာကိုကိုယ်သိသလိုဝင်ပြီး တည်းဖြတ်နိုင်တာပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီအွန်လိုင်းစွယ်စုံကျမ်းဟာ လိုသလိုဝင်ပြီး တည်းဖြတ်နိုင်တာနဲ့ အညီအကြောင်းအရာမျိုးစုံလဲအငြင်းပွားနေကြတာကိုတွေ့ရပါတယ်။ အဲ့ဒီထဲကတည်းဖြတ်မှုအများဆုံး စာမျက်နှာတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁) George W. Bush

most edited

အမေရိကန်နိုင်ငံရဲ့ ၄၃ယောက်မြောက်သမ္မတ George W. Bush ဟာ ဝီကီရဲ့ တည်းဖြတ်ခံရမှုအများဆုံး စာမျက်နှာတစ်ခုဖြစ်ပါတယ်။ ဒီစာမျက်နှာကို စတင်ပြုလုပ်ကတည်းက အကြိမ်ပေါင်း ၄၅၈၆၂ ကြိမ်အထိ တည်းဖြတ်ခဲ့ကြပြီး တည်းဖြတ်မှုအကြိမ်ရေအများဆုံးကာလကတော့ သူရွေးကောက်ပွဲပြန်လည်အနိုင်ရရှိပြီး အီရတ်စစ်ပွဲစတင်ခဲ့တဲ့ ၂၀၀၄ခုနှစ်နဲ့ ၂၀၀၅ ခုနှစ်ပတ်ဝန်းကျင်မှာ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိသမ္မတ Barack Obama ရဲ့စာမျက်နှာ ကတော့ စတင်တည်ထောင်ချိန်ကနေ ယခုအထိ အကြိမ်ပေါင်း ၂၃၅၁၄ကြိမ် တည်းဖြတ်ထားပြီးဖြစ်ပါတယ်။

၂) WWE အမှုထမ်းများ၏စာရင်း

most edited1

မြန်မာပြည်မှာတော့ စမတ်ဒေါင်းဆိုရင်လူတိုင်းသိကြမှာပါ။ အခုတော့ WWE နပမ်းသမားတွေရဲ့ စာရင်းဟာ တည်းဖြတ်ခံရမှုအများဆုံး စာမျက်နှာ စာရင်းထဲကို အံ့အားသင့်ဖွယ်ရောက်ရှိလာတာဖြစ်ပါတယ်။ ဒီစာရင်းမှာပါဝင်တဲ့ နပမ်းသမားတွေဟာ သူတို့ရနိုင်တဲ့ အကြီးမားဆုံးဆုအတွက် ယှဉ်ပြိုင်ခဲ့ကြလို့ ဒီဖျော်ဖြေရေးကို စတင်ပြုလုပ်ခဲ့ချိန်ကစပြီး အခုထိ အကြိမ်ပေါင်း ၄၂၈၃၆ကြိမ် တည်းဖြတ်ခဲ့ကြတာပါ။

၃) Michael Jackson

most edited2

၂၀၀၉ခုနှစ်မှာ သေဆုံးခဲ့ပြီး ပေါ့ပ်ဘုရင်လို့တင်စားခံရတဲ့ Michael Jackson ရဲ့စာမျက်နှာ ဟာတည်းဖြတ်ခံရမှုအများဆုံး စတုတ္ထနေရာမှာ ရပ်တည်ခဲ့ပြီး အကြိမ်ပေါင်း ၂၇၀၅၀ ထိတည်းဖြတ်ခဲ့ကြပါတယ်။

၎) Jesus (သခင်ယေရှု)

most edited3

ဘုရားသခင်ရဲ့သားတော်နဲ့ ခရစ်ယာန်ဘာသာရဲ့အခြေခံကိုတည်ဆောက်ခဲ့သူ ရဲ့ စာမျက်နှာကတော့ တည်းဖြတ်မှုအကြိမ်ရေ ၂၆၅၈၀ အထိရှိခဲ့ပါတယ်။ သူဟာ ဒီစာရင်းမှာ ပါဝင်လာတဲ့ တစ်ဦးတည်းသော ဘာသာရေး ပုံရိပ်ပဲဖြစ်ပါတယ်။

၅) Adolf Hitler

most edited4

သြစတြေးရီးယားနွယ်ဖွား နာဇီခေါင်းဆောင်ကြီးရဲ့ စာမျက်နှာကိုတော့ တည်းဖြတ်မှုပေါင်း ၂၃၅၀၀ ထိရှိခဲ့ပါတယ်။ ဝီကီပီးဒီးယားမှာ ‘Click to Hitler’ ဆိုတဲ့ ဂိမ်းတစ်မျိုးရှိပြီး သင့်အနေနဲ့ ‘ကျပန်းဆောင်းပါး’ တစ်ပုဒ်ကို နှိပ်ရမှာဖြစ်ပါတယ်။ ဒီဆောင်းပါးကနေပြီးတော့ သင့်အနေနဲ့ Follow လုပ်လို့ရမယ့် Adolf Hitler ရဲ့စာမျက်နှာတွေ့ရဲ့ Link တွေကျလာမှာဖြစ်ပါတယ်။

၆) Britney Spears

most edited5

ဆယ်ကျော်သက်အရွယ်ကရင်း Baby One More Time သီချင်းနဲ့ တစ်ကမ္ဘာလုံးရဲ့ အောင်မြင်မှုတွေကို သိမ်းပိုက်ခဲ့တဲ့ အမေရိကန်ပေါ့ပ်ဘုရင်မ Britney Spears ရဲ့စာမျက်နှာကတော့ တည်းဖြတ်မှုအကြိမ်ပေါင်း ၂၃၁၀၆ ထိရှိခဲ့ပါတယ်။

Ref: Independent

You may be interested

ဒီတစ်ပတ် Game for You အတွက် ရွေးပေးချင်တဲ့ Legend of Solgard
FEATURES, Games
0 shares0 views

ဒီတစ်ပတ် Game for You အတွက် ရွေးပေးချင်တဲ့ Legend of Solgard

Ko Thuya - Sep 22, 2018

Legend of Solgard ဟာ Candy Crush Series များကို ဖန်တီးထားတဲ့ King ရဲ့ လက်ရာ အသစ်တစ်ခု ဖြစ်ပါတယ်။ RPG Game ဖြစ်ပြီး တိုက်ခိုက်ရေး ဂိမ်း ဖြစ်ပါတယ်။ ဇာတ်ကောင်များကို စုဆောင်းပြီး သူတို့ရဲ့…

Android မှာ Mobile Data သက်သာချင်ရင် ဆောင်ထားရမယ့် App (၄) ခု
Android, FEATURES, HUBS
90 shares24 views

Android မှာ Mobile Data သက်သာချင်ရင် ဆောင်ထားရမယ့် App (၄) ခု

Ko Thuya - Sep 22, 2018

Android မှာ Facebook လို လူမှုကွန်ရက်များ အသုံးပြုခြင်း၊ ၀က်ဆိုက်များကြည့်ခြင်း အပါအ၀င် အင်တာနက် အသုံးပြုတဲ့ လူများအတွက် မိုဘိုင်းဒေတာကို သက်သာစေတဲ့ Apps များ ရှိပါတယ်။ အဲဒီ Apps များထဲမှ သင်နဲ့ သင့်တော်တဲ့ တစ်ခုကို ရွေးချယ်…

Xiaomi Redmi Y2 အတွက် အပြာနဲ့ အနက်ရောင်များ ထွက်ပြီ
Android, HUBS, Mobiles & Tablets
99 shares17 views

Xiaomi Redmi Y2 အတွက် အပြာနဲ့ အနက်ရောင်များ ထွက်ပြီ

Ko Thuya - Sep 22, 2018

ရှောင်မီက မေလမှာ Redmi S2 ကို ကြေညာခဲ့ပါတယ်။ သူ့ကို အိန္ဒိယမှာ Redmi Y2 အမည်နဲ့ ရောင်းချပေးခဲ့ပြီး ရွှေ၊ နှင်းဆီရွှေနဲ့ အညိုရောင်များ ထုတ်လုပ်ပေးခဲ့ပါတယ်။ အခုတော့ Xiaomi India က Redmi Y2 အတွက်…

Most from this category