LG Display က တရုတ်က ရထားတွေမှာ ဖောက်ထွင်းမြင်ရတဲ့ OLED မျက်နှာပြင်တွေ တပ်ဆင်

LG Display က တရုတ် နိုင်ငံ ဘေဂျင်းနဲ့ ရှန်ဇန်က ရထားတွေမှာ ၅၅ လက်မ ဖောက်ထွင်းမြင်ရတဲ့ OLED မျက်နှာပြင်တွေ တပ်ဆင်လိုက်တယ်လို့ ကြေညာလိုက်ပါတယ်။ အဲဒီ မျက်နှာပြင်တွေဟာ ခရီးသွားတွေကို သတင်းအချက်အလက်တွေ ပြသပေးနိုင်ပါတယ်။ ၃၈ ရာခိုင်နှုန်း ဖောက်ထွင်းမြင်ရပြီး Full HD Resolution ရှိပါတယ်။

LG က ကမ္ဘာအဝန်းက ရထားတွေမှာလည်း အဲဒီလို မျက်နှာပြင်တွေ တပ်ဆင်ပေးဖို့ ပြုလုပ်နေတယ်လို့ ပြောပါတယ်။

LG Display က တရုတ်မှာ တပ်ဆင်ပေးလိုက်တဲ့ မျက်နှာပြင် အရေအတွက်ကို မပြောပါဘူး။ LG က အဲဒီ မျက်နှာပြင်တွေကို စတိုးဆိုင်ကြီးတွေရဲ့ မှန်ပြတင်း၊ အဆောက်အဦးတွေရဲ့ အပြင်ဘက်နဲ့ ပြခန်းတွေလို စီးပွားရေးလုပ်ငန်းမျိုးစုံမှာ အသုံးချနိုင်တဲ့အတွက် ထုတ်လုပ်မှုကို ၂ ဆ တိုးမြှင့်မယ်လို့ ပြောပါတယ်။

Ref : gizmochina

%d bloggers like this: