Apple က iPhone 12 Series မှာ ဈေးသက်သာတဲ့ ဘက်ထရီ ဒီဇိုင်းကို သုံးထားနိုင်

Apple အရေး ကျွမ်းကျင်တဲ့ Ming-Chi Kuo က Apple ဟာ iPhone 12 Series မှာ 5G ထည့်ပေးမှာ ဖြစ်ပြီး ကုန်ကျစားရိတ် များပြားလာမှာ ဖြစ်တဲ့အတွက် ကုန်ကျစားရိတ် သက်သာစေမယ့် နည်းလမ်းတွေကို ရှာဖွေနေတယ်လို့ပြောပါတယ်။ Sub-6 5G ဟာ ၈၅ ဒေါ်လာနဲ့ Millimetre-wave ဟာ ၁၃၅ ဒေါ်လာလောက် ကျသင့်မှာ ဖြစ်ပါတယ်။

Apple ဟာ Supplier တွေကို ကုန်ကျစားရိတ် သက်သာစေမယ့် နည်းလမ်းတွေ ရှာဖို့ ဖိအားပေးနေပြီး ဈေးသက်သာတဲ့ ဘက်ထရီ ဒီဇိုင်းကို အသုံးပြုမယ်လို့ သိရပါတယ်။ iPhone 12 ရဲ့ ဘက်ထရီ Board မှာ အလွှာတွေကို လျှော့ချထားပြီး ဧရိယာကို ချုံ့လိုက်မှာပါ။ iPhone 11 ထက် ကုန်ကျစားရိတ်က ၄၀ ကနေ ၅၀ ရာခိုင်နှုန်းအထိ သက်သာသွားမှာပါ။ ဘက်ထရီ လျှော့ချလိုက်ပေမယ့် သုံးစွဲမှု အပိုင်းကို မထိခိုက်ဘူးလို့ သိရပါတယ်။ iPhone 12 Series မှာ 5G ထည့်ထားမှာ ဖြစ်ပေမယ့် Apple ဟာ iPhone 11 Series တွေရဲ့ ဈေးလောက်နဲ့ ရောင်းချဖို့ ကြိုးစားနေပါတယ်။

Apple က စက်တင်ဘာလမှာ iPhone အသစ်တွေကို ကြေညာလေ့ရှိတဲ့အတွက် iPhone 12 Series ကို မြင်ရဖို့ သိပ်မလိုတော့ပါဘူး။ ဒါပေမယ့် Apple က ကြေညာမယ့် နေ့ကို တရားဝင် မပြောသေးပါဘူး။ မကြာခင်က Apple ဟာ ဒီနှစ် မိတ်ဆက်ပွဲကို ၁ လလောက်နောက်ကျပြီးမှ ပြုလုပ်မယ်လို့ သတင်းထွက်လာပါတယ်။ နည်းပညာ လေ့လာဆန်းစစ်သူ Jon Prosser က iPhone 12 Series ၊ iPad နဲ့ Apple Watch အသစ်တွေကို အောက်တိုဘာလ ၁၂ ရက်နေ့မှာ ကြေညာမယ်လို့ ပြောပါတယ်။

Ref : gsmarena

%d bloggers like this: