Asus Zenfone 7 Series ကို ၂၆ ရက်နေ့ ကြေညာမည်

Asus က Zenfone 7 Series ကြေညာမယ့်နေ့ကို အတည်ပြုလိုက်ပါတယ်။ ၂၆ ရက်နေ့မှာ ကြေညာမှာ ဖြစ်ပြီး Asus ရဲ့ YouTube Channel ကနေ တိုက်ရိုက် ထုတ်လွှင့်မှာပါ။ အဲဒီပွဲမှာ ဖုန်း ၂ လုံးကို ကြေညာနိုင်ပြီး Zenfone 7 နဲ့ Zenfone 7 Pro တို့ ဖြစ်ပါတယ်။

သူတို့မှာ Snapdragon 865 နဲ့ 865+ တို့ အသီးသီး ထည့်သွင်းထားမယ်လို့ထင်ပါတယ်။ ၂ လုံးစလုံးမှာ မော်တာ အခြေပြု Flip ကင်မရာတွေ ပါလာနိုင်ပြီး အနောက်ကင်မရာ ၄ လုံး ထည့်သွင်းထားနိုင်ပါတယ်။

Zenfone 7 ကို Geekbench မှာ တွေ့ထားပြီး Snapdragon 865 နဲ့ 16GB RAM ပါမယ်လို့ ဖော်ပြထားပါတယ်။ တခြား Specs တွေကို မသိရသေးဘဲ မကြာခင်မှာ သူတို့ရဲ့ သတင်းအချက်အလက်တွေကို ပိုမို သိလာရနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: