Instagram နဲ့ Messenger Chat ကို ပေါင်းလိုက်ပြီ

Facebook က Messenger, WhatsApp နဲ့ Instagram Chat အားလုံးကို App ၁ ခုထဲ အဖြစ် ပေါင်းမယ်လို့ ပြီးခဲ့တဲ့ ၁ နှစ်ကျော်က ကြေညာခဲ့ပါတယ်။ အခုတော့ အဲဒီ စီမံကိန်းကို စတင် အကောင် အထည် ဖော်နေပြီလို့ ထင်ပါတယ်။ Instagram Update မှာ Direct Message ဟာ ဒီဇိုင်း အကြီးကြီး ပြောင်းသွားပါတယ်။

အမေရိကန်က iOS နဲ့ Android Instagram Users တွေဟာ Instagram App ကနေ Facebook ကသူငယ်ချင်းတွေကို Message ပေးပို့နိုင်ပြီဆိုတဲ့ အသိပေးစာကို ရရှိနေကြပြီလို့ ပြောပါတယ်။ Instagram အကောင့် မရှိရင်တောင် Facebook က သူငယ်ချင်းတွေကို Message ပေးပို့နိုင်မှာ ဖြစ်ပါတယ်။

Update မှာ Direct Messages ဟာအရောင်ပိုစုံလာပြီး လက်ရှိ Messenger Chat App နဲ့ အရမ်း တူလာပါတယ်။ ဒါ့အပြင် Instagram App ရဲ့ ညာဘက်အထက်ထောင့်က အိုင်ကွန်ကို Messenger Logo နဲ့ အစားထိုးထားမှာပါ။

Ref : gsmarena

%d bloggers like this: