Facebook က စီးပွားရေး လုပ်ငန်းတွေ၊ ပညာရှင်တွေ၊ Creators တွေ Events ကနေ ဝင်ငွေ ရှာနိုင်တဲ့ ဝန်ဆောင်မှုကို ပြုလုပ်ပေးလိုက်ပါတယ်။ Event မှာ အတတ်ပညာ သင်ကြားတာ၊ အကြံပေးတာတွေကနေ လက်ဝှေ့ထိုးတာတွေအထိပါ ပြုလုပ်နိုင်ပြီး Facebook User တွေက နှစ်သက်တာကို အခပေး ကြည့်ရှုနိုင်မှာပါ။
Facebook က ဒီဝန်ဆောင်မှုကို နိုင်ငံ ၂၀ က Page တွေအတွက် ပြုလုပ်ပေးလိုက်ပြီ ဖြစ်ပြီး အနည်းဆုံး ၁ နှစ်အထိ အခကြေးငွေ မယူဘူးလို့ ပြောတဲ့အတွက် နောက်နှစ် ဩဂုတ်လအထိ အခမဲ့ အသုံးပြုနိုင်မှာပါ။ Facebook က လူစိတ်ဝင်စားရင် အခပေး Events ကို Messenger Rooms မှာပါ ပြုလုပ်ပေးဖို့ စမ်းသပ်နေပါတယ်။
အဲဒီ နိုင်ငံ ၂၀ ကို အောက်မှာ လေ့လာပါ။
• Australia
• Belgium
• Brazil
• Canada
• Czech Republic
• France
• Germany
• Hungary
• India
• Italy
• Mexico
• Netherlands
• Norway
• Poland
• Singapore
• Spain
• Sweden
• Ukraine
• United Kingdom
• United States
Ref : androidpolice