10th Gen Intel Core i7 ပါတဲ့ Lenovo Yoga Slim 7i ကို ကြေညာ

Lenovo က အိန္ဒိယမှာ Yoga Slim 7i ကို ကြေညာလိုက်ပြီး Intel ရဲ့ နောက်ဆုံးထုတ် 10th Gen Mobile Processor ထည့်သွင်းထားပါတယ်။ အဲဒီ Processor ကို 10nm Process နဲ့ ဖန်တီးထားပြီး NVIDIA GeForce MX350 GPU အထိ ရွေးချယ်နိုင်ပါတယ်။ ဘက်ထရီ သက်တမ်း ကောင်းပြီး Windows Hello Facial Recognition ထောက်ပံ့ထားပါတယ်။

အရမ်းပါးလွှာတဲ့ လက်ပ်တော့ ဖြစ်ပြီး တခြား သူတွေ လက်ပ်တော့ မျက်နှာပြင်က သင့် ဒေတာတွေ ခိုးကြည့်နေတာကို ကာကွယ်ပေးတဲ့ AI အခြေပြု Attention Sensing Software ပါပါတယ်။ ဒါ့အပြင် ပါဝါ ခလုတ်မှာ လက်ဗွေရာ အာရုံခံ ကိရိယာထည့်သွင်းထားပြီး Windows Hello Facial Recognition ထောက်ပံ့ထားပါတယ်။

512GB SSD Storage နဲ့ 16GB LPDDR4X RAM အထိ ရွေးချယ်နိုင်ပြီး ၁၄ လက်မ FullHD IPS မျက်နှာပြင် ပါပါတယ်။ Dolby Vision နဲ့ Lenovo Super Resolution ထည့်သွင်းထားပြီး WiFi 6 , Dolby Atmos Speaker , Intel Iris Plus Graphics တွေ ပါပါတယ်။

Slate Grey ၁ ရောင်ထဲ ထုတ်လုပ်ထားပြီး ၇၉၉၉၀ ရူပီး သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၁၄ သိန်းခွဲလောက်ရှိပြီး ၂၀ ရက်နေ့ အိန္ဒိယမှာ ရောင်းမှာပါ။

Ref : fonearena

%d bloggers like this: