ASUS ROG Phone 3 ရဲ့ 12/256GB Version ကို မကြာခင် ရောင်းမည်

Asus က ROG Phone 3 ကို ပြီးခဲ့တဲ့ လက အိန္ဒိယမှာ ကြေညာခဲ့ပြီး 8/128GB Version ကို ဒီလ ၆ ရက်နေ့က ရောင်းပေးခဲ့ပါတယ်။ အခုတော့ 12/256GB Version ကို ၂၁ ရက်နေ့ ရောင်းပေးတော့မှာ ဖြစ်ပါတယ်။ 8/128GB ကို ၄၉၉၉၉ ရူပီးနဲ့ 12/256GB ကို ၅၇၉၉၉ ရူပီး သတ်မှတ်ထားပြီး မြန်မာငွေ ၉ သိန်း ၃ သောင်းနဲ့ ၁၀ သိန်း ၇ သောင်းလောက် အသီးသီး ကျသင့်မှာပါ။

သူ့မှာ 144Hz Refresh Rate, 270Hz Touch-sampling Rate , 25ms Touch Latency တို့ကြောင့် ဂိမ်း ကစားရင် ဖလန်းဖလန်းထနေမှာပါ။ Copper 3D Vapor Chamber နဲ့ ROG Phone 2 ထက် ၆ ဆ ပိုကြီးတဲ့ Heat Sink ပါတဲ့အတွက် အပူချိန် မများအောင် ကာကွယ်ပေးပါတယ်။

Haptic Feedback ပါတဲ့ Shoulder Buttons တွေ ထည့်သွင်းထားပြီး AirTrigger 3 နည်းပညာက အခုဆိုရင် Sliding , Swiping တွေကို ထောက်ပံ့လာပါတယ်။ အသံဆူညံမှုကို ဖျောက်ပေးတဲ့ မိုက်ကရိုဖုန်း ၄ လုံးနဲ့ Game Mode Enhancement တွေ ပါပါတယ်။

ASUS ROG Phone 3 specifications

• 6.59-inch (2340 × 1080 pixels) Full HD+ 144Hz OLED 10-bit HDR 19.5:9 aspect ratio display, 270Hz touch sampling rate, 113% DCI-P3, 10000:1 contrast, dE<1%, 10-bit HDR, Corning Gorilla Glass 6 protection • 3.1 GHz Octa-Core Snapdragon 865 Plus 7nm Mobile Platform with Adreno 650 GPU • 8GB LPDDR5 RAM with 128GB (UFS 3.1) storage / 12GB LPDDR5 RAM with 256GB (UFS 3.1) storage • Android 10 with ROG UI • Dual SIM (nano + nano) • 64MP rear camera with Sony IMX686 sensor, 0.8μm pixel size, f/1.8 aperture, 13MP 125˚ ultra-wide camera with f/2.4 aperture, 5MP macro sensor with f/2.0 aperture, 8k video at 30 fps, 4k at 60fps, slow-motion 4K at 120 fps, 1080p at 240fps • 24MP front-facing camera with 0.9µm pixel size, f/2.0 aperture • USB Type-C Hi-Res audio, 7-magnet stereo speaker with dual NXP TFA9874 smart amplifier, Quad microphones with ASUS Noise Reduction Technology, OZO Audio • In-display fingerprint sensor • Dimensions: 171×78×9.85mm; Weight: 240 g • 5G SA/NSA, Dual 4G VoLTE, Wi-Fi 802.11ax, Bluetooth 5.1, GPS/GLONASS/Beidou, Galileo(E1+E5a), QZSS(L1+L5), NavIC(L5), USB Type-C, NFC • 6000mAh (typical) / 5800mAh (minimum) battery with 10V 3A 30W HyperCharge fast charging, supports up to 30W QC4.0 / PD3.0 / Direct Charge adapter Ref : fonearena

%d bloggers like this: