6,000mAh ဘက်ထရီ ပါတဲ့ realme C12 ကို ကြေညာပြီ

တန်ဖိုးနည်း realme C12 ကို အင်ဒိုနီးရှားမှာ ကြေညာလိုက်ပြီ ဖြစ်ပြီး ၆.၅ လက်မ HD+ Mini-drop မျက်နှာပြင် ထည့်သွင်းထားပါတယ်။ တန်ဖိုးနည်း ဖုန်း ဖြစ်ပေမယ့် Screen to body Ratio က ၈၈.၇ ရာခိုင်နှုန်းရှိတဲ့အတွက် ဘောင်ပျောက် ဒီဇိုင်းက မဆိုးပါဘူး။ အနောက်ဘက်မှာ Pattern တွေ ပါတဲ့အတွက် ဒီဇိုင်းက မိုက်ပါတယ်။

MediaTek Helio G35 SoC , 3GB RAM , 32GB Storage ထည့်သွင်းထားပြီး microSD Card စိုက်နိုင်ပါတယ်။ Android 10 အခြေပြု realme UI ပါပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ ကင်မရာ ၁ လုံး ထည့်ထားပြီး အရွယ်ကြီး 6,000mAh ဘက်ထရီက အလန်းဆုံး အစိတ်အပိုင်းပါ။ တခြား ဖုန်းတွေကို အားသွင်းပေးနိုင်တဲ့ Reverse Charging ထောက်ပံ့ထားပါတယ်။

realme C12 specifications

• Display: 6.5-inch (1600 x 720 pixels) HD+ 20:9 mini-drop display
• SoC: 2.3GHz Octa-Core MediaTek Helio G35 12nm processor with IMG PowerVR GE8320 GPU
• RAM: 3GB LPDDR4x
• ROM: 32GB (eMMC 5.1); expandable with microSD
• SIM: Dual SIM (nano + nano + microSD)
• OS: realme UI based on Android 10
• Cameras: Rear — 13MP (primary with f/2.2 aperture) + 2MP (B&W Lens with f/2.4 aperture) + 2MP (Macro Lens with f/2.4 aperture)
• Front — 5MP front-facing camera
• Splash resistant (P2i coating)
• 3.5mm audio jack, FM Radio
• Fingerprint sensor
• Connectivity: Dual 4G VoLTE, Wi-Fi 802.11 b/g/n, Bluetooth 5, GPS/ GLONASS/ Beidou, micro USB
• Battery: 6000mAh with 10W charging
• Colors: Marine Blue and Coral Red

၁၂၈ ဒေါ်လာလောက် သတ်မှတ်ထားပြီး မြန်မာငွေ ၁ သိန်း ၇ သောင်းလောက် ကျသင့်မှာပါ။ Marine Blue နဲ့ Coral Red အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref : fonearena

%d bloggers like this: