Xiaomi Mi 10 Ultra ဟာ Qualcomm Adreno GPU Control Panel ထောက်ပံ့တဲ့ ပထမဆုံးဖုန်း ဖြစ်လာ

Xiaomi ဟာ မကြာခင်ကပဲ သက်တမ်း ၁၀ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် Mi 10 Ultra ကို ကြေညာခဲ့ပြီး 120W Wired Charging , 50W Wireless Charging နဲ့ Quick Charge 5.0 တို့လို ပထမဆုံး နည်းပညာတွေ ပါလာခဲ့ပါတယ်။ အခုတော့ Qualcomm က Adreno GPU Control Panel ထောက်ပံ့တဲ့ ပထမဆုံးဖုန်း ဖြစ်တယ်လို့ အတည်ပြုလိုက်ပါတယ်။

Mi 10 Ultra ဟာ လက်ရှိ ဖုန်းတွေထဲမှာ စွမ်းရည်အမြင့်ဆုံးနဲ့ လုပ်ဆောင်ချက် အများဆုံး ဖြစ်ပေမယ့် တရုတ်မှာပဲ ရောင်းချမှာပါ။ နိုင်ငံတကာမှာ ရောင်းမယ့် အစီအစဉ် မရှိသေးပါဘူး။ တရုတ်ပြင်ပက Fans တွေဟာ Xiaomi ရဲ့ ပထမဆုံး နည်းပညာတွေကို သုံးလို့မရတာတော့ စိတ်မကောင်းစရာပါ။

နိုင်ငံတကာမှာ Gaming ဖုန်းများစွာကို ရောင်းချထားကြပေမယ့် Mi 10 Ultra မှာလို Granular GPU Controls မပါလာပါဘူး။ အဲဒီ လုပ်ဆောင်ချက်ကို Xiaomi နဲ့ Qualcomm တို့ ပူးပေါင်းဖန်တီးထားကြတာပါ။ Qualcomm က Adreno GPU Control Panel လို့ ပြောပြီး ဒါဟာ Mi 10 Ultra က MIUI Game Turbo 4.0 ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ User တွေဟာ Desktop မှာလို GPU စွမ်းရည်တွေကို စိတ်ကြိုက် ချိန်ညှိနိုင်မှာပါ။

Mi 10 Ultra က Adreno 650 GPU ဟာ Driver တွေကို Update လုပ်နိုင်တဲ့အတွက် Gaming ဖုန်းတွေလို အစွမ်းထက်ပါတယ်။

Ref : gizmochina

%d bloggers like this: