LG Q92 ရဲ့ Specs အပြည့်အစုံ ထွက်လာပြီ

LG Q92 ဟာ LG နောက်ထုတ်မယ့် 5G ဖုန်း ဖြစ်ပြီး LG Velvet 5G ထက် ဈေးသက်သာမှာပါ။ အခုတော့ မိတ်ဆက်ပွဲ မတိုင်ခင်မှာ သူ့ရဲ့ Specs အပြည့်အစုံထွက်လာပါတယ်။ ၆.၇ လက်မ FHD+ LCD မျက်နှာပြင်ပြား တပ်ဆင်ထားပြီး အနောက်ဘက်ဟာ ကွေးညွှတ်ပါတယ်။ Ceramic White, Mirror Titanium နဲ့ Mirror Red ၃ ရောင် ထုတ်လုပ်ထားပြီး 32MP Punch Hole ဆဲလ်ဖီး ကင်မရာ ပါပါတယ်။

Snapdragon 765G SoC မောင်းနှင်ထားပြီး 6GB RAM နဲ့ 128GB Storage ပါပါတယ်။ အနောက်ဘက်မှာ 48MP Main , 8MP Ultrawide , 5MP Depth နဲ့ 2MP Macro ကင်မရာ ၄ လုံး ထည့်သွင်းထားမှာ ဖြစ်ပြီး ဘေးဘက် လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။ NFC ကနေ LG Pay ကို သုံးနိုင်မှာ ဖြစ်ပြီး Fast Charging ပါတဲ့ 4000mAh ဘက်ထရီ ပါပါတယ်။

AI Sound လုပ်ဆောင်ချက်နဲ့ စတီရီယို စပီကာတွေ တပ်ဆင်ထားပြီး MIL-STD-810 စံနှုန်းပါတဲ့အတွက် အကြမ်းခံပါတယ်။ Android Version ကို မဖော်ပြထားပေမယ့် Android 10 OS မောင်းနှင်ထားနိုင်ပါတယ်။ ကြေညာမယ့်နေ့ကို မသိရသေးပေမယ့် ဒီလထဲ ဖြစ်နိုင်ပါတယ်။ အစောဆုံး ကိုရီးယားမှာ ရောင်းချနိုင်ပြီး နောက်ပိုင်းကျမှ တခြား နိုင်ငံတွေမှာ ရောင်းမှာပါ။

Ref : gizmochina

%d bloggers like this: