iPhone 12 Series ကြေညာမယ့်နေ့ ထွက်လာပြီ

Apple က စက်တင်ဘာလမှာ iPhone အသစ်တွေကို ကြေညာလေ့ရှိတဲ့အတွက် iPhone 12 Series ကို မြင်ရဖို့ သိပ်မလိုတော့ပါဘူး။ ဒါပေမယ့် Apple က ကြေညာမယ့် နေ့ကို တရားဝင် မပြောသေးပါဘူး။ အခုတော့ Apple ဟာ ဒီနှစ် မိတ်ဆက်ပွဲကို ၁ လလောက်နောက်ကျပြီးမှ ပြုလုပ်မယ်လို့ သတင်းထွက်လာပါတယ်။ နည်းပညာ လေ့လာဆန်းစစ်သူ Jon Prosser က iPhone 12 Series ၊ iPad နဲ့ Apple Watch အသစ်တွေကို အောက်တိုဘာလ ၁၂ ရက်နေ့မှာ ကြေညာမယ်လို့ ပြောပါတယ်။


iPhone 12 ကြိုတင်မှာယူခွင့်ကို ကြေညာတဲ့ အပတ်မှာပဲ ပြုလုပ်ပေးမှာဖြစ်ပြီး ၁၉ ရက်နေ့မှာ ပို့ဆောင်ပေးမှာပါ။ iPhone 12 Pro ကို နိုဝင်ဘာလမှာပို့ဆောင်ပေးမယ်လို့ ထင်ပါတယ်။ Apple ဟာ ဒီနှစ်မှာ iPhone 12 Series ၄ လုံးကို ကြေညာမှာ ဖြစ်ပြီး iPhone 12 , iPhone 12 Max, iPhone 12 Pro , iPhone 12 Pro Max တို့ ဖြစ်မယ်လို့ သတင်းထွက်နေပါတယ်။

Prosser က တန်ဖိုးနည်း iPad 10.2 အသစ်နဲ့ Apple Watch Series 6 တို့အတွက် သီးသန့် အထူးပွဲ ပြုလုပ်မှာ မဟုတ်ဘဲ iPhone 12 Series နဲ့အတူ ကြေညာမှာ ဖြစ်ပါတယ်။

Ref : gsmarena

%d bloggers like this: