HTC Desire 20 Pro ကို ဥရောပမှာ ၂၇၉ ဒေါ်လာနဲ့ ရောင်းပြီ

HTC က ဇွန်လမှာ စွမ်းရည်သင့် Desire 20 Pro ကို ထိုင်ဝမ်မှာ ကြေညာခဲ့ပြီး အခုတော့ ဥရောပမှာ ၂၇၉ ယူရိုနဲ့ ရောင်းပေးလိုက်ပါပြီ။ မြန်မာငွေ ၄ သိန်းခွဲလောက်ကျသင့်မှာ ဖြစ်ပါတယ်။ သူ့မှာ ၆.၅၃ လက်မ Full HD+ မျက်နှာပြင် ထည့်သွင်းထားပြီး Android 10 OS ပါလာပါတယ်။

Snapdragon 665 Chipset နဲ့ 6GB RAM ထည့်ထားပြီး 128GB Storage အပြင် microSD Card Slot ပါပါတယ်။ 25MP ဆဲလ်ဖီးကင်မရာ ၁ လုံးနဲ့ အနောက်ဘက်မှာ 48MP Main , 8MP Ultrawide , 2MP Macro နဲ့ 2MP Depth ကင်မရာ ၄ လုံး ထည့်ထားပါတယ်။

15W Charging ထောက်ပံ့တဲ့ 5000mAh ဘက်ထရီ ပါလာပြီး အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာမြှပ်နှံထားပါတယ်။ dual SIM slot, Wi-Fi 802.11ac, Bluetooth 5.0, GPS, NFC, USB-C Port တွေ တပ်ဆင်ထားပြီး ၂၄ ရက်နေ့မှာ ပို့ဆောင်ပေးမှာပါ။ UK, France, Spain, Italy, Poland နဲ့ Netherlands တို့မှာ ဝယ်ယူနိုင်ပါတယ်။

Ref : gizmochina

%d bloggers like this: