Samsung Galaxy S20 Fan Edition မှာ Exynos 990 Chipset ပါလာနိုင်

Samsung က Galaxy S20 Lite ကို ဖန်တီးနေတယ်ဆိုတဲ့ သတင်း ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက ထွက်ပေါ်ခဲ့ပြီး မကြာခင်က Snapdragon 865 SoC နဲ့ 6GB RAM ပါတဲ့ သူ့ကို Geekbench မှာ တွေ့ခဲ့ရပါတယ်။ နာမည်ကျော် Leakster ၁ ယောက် ဖြစ်တဲ့ Ice Universe က S20 Lite ကို Galaxy S20 Fan Edition လို့ နာမည်ပေးထားမှာ ဖြစ်ပြီး 120Hz မျက်နှာပြင် ပါလာမယ်လို့ သတင်းပေးထားပါတယ်။ အခုတော့ Geekbench မှာ Exynos 990 Chipset ပါတဲ့ မော်ဒယ် ၁ လုံးကို Geekbench မှာပဲ တွေ့လာရပါတယ်။

အရင် သတင်းတွေအရ သူ့မှာ 4,500mAh ဘက်ထရီ ပါလာမယ်လို့ သိရပါတယ်။ ၆.၅ လက်မ ကနေ ၆.၇ လက်မ FHD+ sAMOLED မျက်နှာပြင် ထည့်သွင်းထားပြီး Infinity-O ဒီဇိုင်း သုံးထားမှာပါ။ အနောက်ကင်မရာ ၃ လုံး ပါလာမှာ ဖြစ်ပြီး 12MP Main, 12MP Ultrawide နဲ့ 8MP Telephoto ကင်မရာ ၃ လုံး ထည့်သွင်းထားနိုင်ပါတယ်။ 4G နဲ့ 5G Version ၂ မျိုးစလုံးထုတ်လုပ်ထားမှာ ဖြစ်ပြီး IP68 စံနှုန်း ပါပါတယ်။ မြန်မာငွေ ၁၀ သိန်းလောက်နဲ့ ရောင်းနိုင်ပါတယ်။

သူ့မှာ ဆဲလ်ဖီး ကင်မရာ အတွက် 3.3mm Punch Hole ပါလာမှာ ဖြစ်ပေမယ့် စွမ်းရည်မြင့် Galaxy S20 မှာလို အလယ်မှာ ထည့်ထားမလား ဆိုတာ မသိရသေးပါဘူး။ ဘယ် သို့မဟုတ် ညာဘက်ထောင့်မှာလည်း ထည့်သွင်းထားနိုင်ပါတယ်။ Galaxy S20 Fan Edition ကို အောက်တိုဘာလနဲ့ နိုဝင်ဘာလ အစား ဒီဇင်ဘာလမှာ ကြေညာဖို့ ပိုဖြစ်နိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: