ZTE က မျက်နှာပြင်အောက် ကင်မရာ ပါတဲ့ ပထမဆုံး ဖုန်းကို ကြေညာတော့မည်

မျက်နှာပြင်အောက် ကင်မရာ ပါတဲ့ ဖုန်းတွေ လာမယ့် လအနည်းငယ်အတွင်းမှာ ထွက်ပေါ်လာတော့မှာ ဖြစ်ပါတယ်။ OPPO ရဲ့ နမူနာ ဖုန်းကို မြင်တွေ့ခဲ့ကြရပြီးပါပြီ။ အခုတော့ မျက်နှာပြင်အောက် ကင်မရာ ပါတဲ့ ဖုန်းကို ပထမဆုံး ကြေညာတော့မှာ ZTE ဖြစ်နိုင်ပါတယ်။

ZTE ရဲ့ ဥက္ကဌ Ni Fei က မျက်နှာပြင်အောက် ကင်မရာ ပါတဲ့ စမတ်ဖုန်းကို ကြေညာဖို့အဆင်သင့် ဖြစ်နေပြီ ဖြစ်ပြီး မကြာခင် ချပြတော့မယ်လို့ ပြောပါတယ်။ Teaser မှာ ဖုန်း ဓါတ်ပုံနဲ့ ကြေညာမယ့် နေ့ကို မဖော်ပြထားပေမယ့် ပို့စ်ကို ZTE A20 5G နဲ့ တင်ထားတာတွေ့ရပါတယ်။ Visionox ဟာ ကင်မရာအောက်မှာ မြှပ်နှံထားတဲ့ မျက်နှာပြင် များစွာကို ထုတ်လုပ်ထားပြီ ဖြစ်တဲ့အတွက် ZTE ရဲ့ဖုန်းမှာ Visionox ရဲ့ မျက်နှာပြင်ကို သုံးထားနိုင်ပါတယ်။

မျက်နှာပြင်အောက်မှာ ကင်မရာ မြှပ်နှံတဲ့ နည်းပညာမှာ အခက်အခဲများစွာ ရှိပါတယ်။ အဓိကက အလင်းရောင် သိပ်မရတဲ့အတွက် ဓါတ်ပုံ အရည်အသွေး ကျဆင်းသွားတာ ဖြစ်ပြီး အရောင်တွေလည်း ကွဲပြားသွားတာပါ။ Visionox က အဲဒီပြဿနာကို ဖြေရှင်းဖို့အတွက် မျက်နှာပြင်နဲ့ ဆော့ဖ်ဝဲ နည်းပညာ အသစ်တွေကို အသုံးပြုထားတယ်လို့ ပြောပါတယ်။

Ref : gsmarena

%d bloggers like this: