Xiaomi Mi 10 Ultra နဲ့ K30 Ultra ကို တရုတ် ပြင်ပမှာ မရောင်း

Xiaomi က မနေ့ကပဲ Mi 10 Ultra နဲ့ K30 Ultra တို့ကို တရုတ်မှာ ကြေညာခဲ့ပြီး အလန်းစား Specs တွေ ထည့်သွင်းထားပါတယ်။ Mi 10 Ultra မှာ အကြမ်းစား ကင်မရာတွေနဲ့ 120W Charging တွေ ပါလာသလို Redmi K30 Ultra မှာ 120Hz AMOLED မျက်နှာပြင်နဲ့ Dimensity 1000+ Chipset တွေ ထည့်သွင်းထားပါတယ်။

အနောက်နိုင်ငံက Fans တွေက အဲဒီဖုန်းတွေကို ဝယ်လို့ရမလား ဆိုတာ စိတ်ဝင်စားနေကြပါတယ်။ အခုတော့ Xiaomi ရဲ့ ပြောရေးဆိုခွင့်ရှိသူ ၁ ယောက်က အဲဒီဖုန်းတွေကို တရုတ်မှာပဲ ရောင်းမယ်လို့ ပြောတဲ့အတွက် နိုင်ငံတကာမှာ တရားဝင် မရောင်းနိုင်ပါဘူး။ Poco Brand အောက်ကနေ တချို့နိုင်ငံတွေမှာ ရောင်းချနိုင်ပါတယ်။

Poco F2 Pro ဟာ Redmi K30 Ultra နဲ့ တော်တော်နီးစပ်ပြီး Mi 10 Pro နိုင်ငံတကာ မော်ဒယ်ကတော့ Mi 10 Ultra အောက် တော်တော်နိမ့်နေပါတယ်။

Ref : gsmarena

%d bloggers like this: