အိန္ဒိယမှာ realme C12 နဲ့ C15 ကို ၁၈ ရက်နေ့ ကြေညာမည်

realme က အိန္ဒိယမှာ ၁၈ ရက်နေ့ C12 နဲ့ C15 တို့ကို ကြေညာတော့မယ်လို့ အတည်ပြုလိုက်ပါတယ်။ C12 မှာ အရွယ်ကြီး 6,000mAh ဘက်ထရီ ပါမယ်လို့ realme က အတည်ပြုပေးလိုက်ပေမယ့် တခြား Specs တွေကို မပြောသေးပါဘူး Geekbench က စာရင်းအရ Helio P35 SoC နဲ့ 3GB RAM ပါလာမယ်လို့ သိရပါတယ်။ မိတ်ဆက်ပွဲကို အွန်လိုင်းကနေ တိုက်ရိုက် ထုတ်လွှင့်မှာပါ။

realme C15 က ဖုန်း အသစ် မဟုတ်ဘဲ ဇူလိုင်လက တခြား နိုင်ငံမှာ ကြေညာထားပြီးပါပြီ။ သူ့မှာ ၆.၅ လက်မ HD+ Mini-drop မျက်နှာပြင် ပါလာပြီး Screen-to-body Ratio က ၈၈.၇ ရာခိုင်နှုန်း ရှိပါတယ်။ MediaTek Helio G35 SoC မောင်းနှင်ထားပြီး Android 10 အခြေပြု realme UI ထည့်ထားပါတယ်။ အနောက်ဘက်မှာ 13MP , 8MP Ultrawide , 2MP Mono နဲ့ 2MP Retro ကင်မရာ ၄ လုံးနဲ့ အရှေ့ဘက်မှာ 8MP ကင်မရာ ၁ လုံး ပါပါတယ်။

အနောက်ဘက်ဟာ တောက်ပြောင်တဲ့ ဒီဇိုင်း ဖြစ်ပြီး Geometric Texture တွေ သုံးထားပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပြီး သူ့ရဲ့ အလန်းဆုံး အစိတ်အပိုင်းက 18W Fast Charging ပါတဲ့ 6,000mAh ဘက်ထရီပါ။

realme C15 specifications

• 6.52-inch (1600 x 720 pixels) HD+ 20:9 mini-drop display with Corning Gorilla Glass 3+ protection
• 2.3GHz Octa Core MediaTek Helio G35 12nm processor with IMG PowerVR GE8320 GPU
• 3GB / 4GB LPDDR4x RAM with 64GB (eMMC 5.1) storage, 4GB LPDDR4x RAM with 128GB (eMMC 5.1) storage expandable memory up to 256GB with microSD
• Dual SIM (nano + nano + microSD)
• realme UI based on Android 10
• 13MP rear camera with f/2.2 aperture, LED flash, PDAF, 8MP 119° ultra-wide camera with f/2.25 aperture, 2MP retro sensor and 2MP mono camera with f/2.4 aperture
• 8MP front-facing camera with f/2.0 aperture
• Splash resistant (P2i coating)
• 3.5mm audio jack, FM Radio
• Fingerprint sensor
• Dimensions: 164.5×75.9×9.8mm; Weight: 209g
• Dual 4G VoLTE, Wi-Fi 802.11 b/g/n, Bluetooth 5, GPS/ GLONASS/ Beidou, micro USB
• 6000mAh battery with 18w charging

Marine Blue နဲ့ Seagull Silver ၂ ရောင် ထုတ်လုပ်ထားပြီး 3/64GB ကို ၁၃၇ ဒေါ်လာ၊ 4/64GB ကို ၁၅၁ ဒေါ်လာနဲ့ 4/128GB ကို ၁၇၁ ဒေါ်လာ သတ်မှတ်ထားပါတယ်။ တန်ဖိုးအနည်းဆုံးမော်ဒယ်ဟာ မြန်မာငွေ ၁ သိန်း ၈ သောင်းလောက်ပဲ ရှိပါတယ်။

Ref : fonearena

%d bloggers like this: