Google နဲ့ Qualcomm တို့ HMD Global မှာ ငွေကြေး ရင်းနှီးမြှပ်နှံ

HMD Global က Qualcomm နဲ့ Google တို့ဟာ Nokia ဖုန်းတွေ ထုတ်လုပ်တဲ့ လုပ်ငန်းမှာ ငွေကြေးရင်းနှီးမြှပ်နှံလိုက်တယ်လို့ ကြေညာလိုက်ပါတယ်။ စုစုပေါင်း ဒေါ်လာ သန်း ၂၃၀ လောက် ရင်းနှီးမြှပ်နှံလိုက်ပေမယ့် HMD Global က မြှပ်နှံတဲ့ ကုမ္ပဏီ အားလုံးကို မပြောသေးပါဘူး။ အနာဂတ်မှာ Nokia Brand ဟာ အောင်မြင်လာနိုင်ပါတယ်။

HMD Global က ဒေါ်လာ သန်း ၂၃၀ ရင်းနှီးမြှပ်နှံမှုကြောင့် 5G ဖုန်းတွေ ပိုမို ထုတ်လုပ်နိုင်မှာ ဖြစ်တဲ့အတွက် 5G ဈေးကွက်ကို တိုးတက်စေမှာ ဖြစ်ပြီး Nokia Brand ဟာ ကမ္ဘာတစ်လွှားမှာ ပိုမို ထိုးဖောက်လာနိုင်မယ်လို့ ပြောပါတယ်။ အမေရိကန်က Huawei ကို စီးပွားရေး ပိတ်ဆို့နေတဲ့အတွက် Google ဟာ ဖုန်း ကုမ္ပဏီ အသစ် ၁ ခုကို ကမ္ဘာ့ထိပ်တန်း ဖြစ်အောင် ဖန်တီးချင်နေပါတယ်။

HMD Global က မိခင်နိုင်ငံ ဖင်လန်မှာ ဒေတာ စင်တာနဲ့ ဝန်ထမ်းတွေ ထားရှိထားတဲ့အတွက် အမေရိကန်နဲ့ တရုတ်ရဲ့ ကုန်သွယ်ရေး စစ်ပွဲကြားမှာ ဓါးစာခံ မဖြစ်နိုင်ပါဘူး။

Ref : gsmarena

%d bloggers like this: