Xiaomi က Mi TV LUX OLED Transparent Edition ကို ကြေညာ

Xiaomi က ၁၀ နှစ်သက်တမ်းပြည့် အထိမ်းအမှတ်ပွဲမှာ Mi TV LUX OLED Transparent Edition ကို ကြေညာလိုက်ပါတယ်။ ၅၅ လက်မ ဘောင်ပျောက် ဖောက်ထွင်း 4K OLED မျက်နှာပြင် ထည့်သွင်းထားပြီး Color Combination ဟာ ၁.၀၇ ဘီလီယမ် ရှိတဲ့အတွက် အရောင်ထွက်က အရမ်းလန်းမှာပါ။ 120Hz Refresh Rate , 120Hz MEMC နည်းပညာနဲ့ 1ms Fast Response Rate for Gaming ပါလာပါတယ်။

AI Master Smart Engine , MediaTek 9650 custom-made TV chip တွေ ထောက်ပံ့ထားပြီး AI Master for Audio က ဖွင့်ထားတဲ့ Content ကို သိနားလည်ကာ Movies, Music, Newsfeed, Sports တို့လို သင့်တော်တဲ့ Audio Mode တွေကို ပြောင်းပေးပါတယ်။ Dolby Atmos Support ပါလာပြီး တီဗီ ကိုယ်ထည်ဟာ ၅.၇ မီလီမီတာပဲ ရှိတဲ့အတွက် အရမ်း ပါးလွှာပါတယ်။

MIUI for TV OS မောင်းနှင်ထားပြီး Always-on Display ပါလာပါတယ်။ Mi TV Lux Transparent Edition ကို ၄၉၉၉၉ ယွမ် သတ်မှတ်ထားပြီး သိန်း ၁၀၀ လောက်ရှိပါတယ်။

Mi TV LUX OLED Transparent Edition specifications

• 55-inch (3840 × 2160 pixels) 4K OLED display with 178-degree viewing angle, 98.5% DCI-P3 Color Gamut, 1000 nits peak brightness, 1000000:1 contrast ratio, HDR 10+, MEMC, Dolby Vision, 1ms response time
• Quad-Core Cortex A73 MediaTek MT9650 processor with Mali-G52 MC1 GPU
• Professional game mode, Automatic low latency mode (ALLM),1ms instantaneous response, DC dimming, variable refresh rate (VRR) avoid s picture delays, tears, and freezes
• 3GB RAM,32GB storage
• MIUI for TV
• WiFi 802.11 ac (2.4GHz / 5GHz), Bluetooth 5.0, 3 x HDMI 2.1 (including HDMI eARC), 2 x USB, S/PDIF, Ethernet
• MPEG1/2/4, H.264, H.265, etc.
• Dolby Atmos, DTS audio

Ref : fonearena

%d bloggers like this: