SD865 , 120x Zoom နဲ့ 120W Fast Charging ပါတဲ့ Xiaomi Mi 10 Ultra ကို ကြေညာ

Xiaomi က တရုတ်မှာ ၁၀ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် အလန်းစား Mi 10 Ultra ကို ကြေညာလိုက်ပါတယ်။ 120Hz Refresh Rate နဲ့ 240Hz Touch Sampling Rate ပါတဲ့အတွက် မျက်နှာပြင်က အရမ်းကို လျှင်မြန်ပါတယ်။ SD865 5G SoC မောင်းနှင်ထားပြီး LiquidCooling 2.0 Vapor Chamber + 6-Stack Graphite Layer + Graphene တွေ ပေါင်းစပ်ကာ အပူချိန်ကို လျှော့ချပေးနိုင်ပါတယ်။ အနောက်ဘက်ကို ဖန်နဲ့ ဖုံးအုပ်ထားပါတယ်။

အနောက်ကင်မရာတွေထဲမှာ 120x Digital Zoom, 10x Optical Zoom , OIS တွေ ထောက်ပံ့ထားပါတယ်။ 120W Wired Fast Charging က 4500mAh ဘက်ထရီကို ၅ မိနစ်အတွင်း ၄၁ ရာခိုင်နှုန်းတောင် အားသွင်းပေးနိုင်တာက အရမ်း မိုက်ပါတယ်။ မိနစ် ၄၀ ဆိုရင် ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးပါတယ်။ 50W Wireless Charging နဲ့ 10W Wireless Reverse Charging ပါတဲ့အတွက် တခြား ဖုန်းတွေကို ကြိုးမဲ့အားသွင်းပေးနိုင်ပါတယ်။

Xiaomi Mi 10 Ultra specifications

• 6.67-inch (2340 × 1080 pixels) Full HD+ AMOLED 19.5:9 aspect ratio HDR10 + display with 120Hz refresh rate, 1120nit (HBM) / 800nit (Typ) brightness, 5000000:1 (Min) contrast ratio, DCI-P3 Wide Color Gamut, Corning Gorilla Glass 5 protection
• Octa Core (1 x 2.84GHz + 3 x 2.42GHz + 4 x 1.8GHz Hexa) Snapdragon 865 7nm Mobile Platform with Adreno 650 GPU
• 8GB LPPDDR5 RAM with 128GB / 256GB UFS 3.1 storage / 12GB LPPDDR5 RAM with 256GB storage / 16GB LPPDDR5 RAM with 512GB UFS 3.1 storage
• Dual SIM (nano + nano)
• MIUI 12 based on Android 10
• 48MP rear camera with 1/ 1.32″ OV48C sensor,1.2μm, f/1.85 aperture, OIS, 8P lens, dual-tone triple LED flash, 48MP Sony IMX586 periscope telephoto lens with f/4.1 aperture for 10x optical zoom and 120x digital zoom, OIS, 20MP 128° ultra-wide angle lens with f/2.2 aperture, 12MP 1/2.6″ 2PD sensor with 1.4um for 2x zoom and portrait, 8k at 24fps, 4k 60fps, 960fps at 1080p
• 20MP front-facing camera
• In-display fingerprint sensor, Infrared sensor
• USB Type-C audio, Hi-Res audio, Stereo speakers
• Dimensions: 162.38×75.04×9.45mm; Weight: 221.8g
• 5G SA/NSA Dual 4G VoLTE, WiFi 6 802.11 ax (2.4GHz + 5GHz) 8 x / MU-MIMO, Bluetooth 5.1, GPS (L1 + L5), NFC, USB Type-C
• 4500mAh (Typical) / 4360mAh (Minimum) battery with 120W QC 5 / PD3.0 wired, 50W wireless fast charging, 10w wireless reverse charging

Obsidian Black, Mercury Silver နဲ့ Transparent Edition တွေ ထုတ်လုပ်ထားပြီး 8/128GB ကို ၅၂၉၉ ယွမ်၊ 8/256GB ကို ၅၅၉၉ ယွမ်၊ 12/256GB ကို ၅၉၉၉ ယွမ်နဲ့ 16/512GB ကို ၆၉၉၉ ယွမ် သတ်မှတ်ထားပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ၁၀ သိန်းလောက်ရှိပြီး တရုတ်မှာ ၁၆ ရက်နေ့ရောင်းမှာပါ။

Ref : fonearena

%d bloggers like this: