Google Pixel 5 မှာ Snapdragon 765G ပါလာနိုင်

Google က Pixel 4a ကြေညာပွဲမှာ Pixel 5 အကြောင်း ပြောခဲ့ပါသေးတယ်။ ဒါပေမယ့် ရောင်းမယ့် အချိန်ကို မသိရသေးပါဘူး။ သူ့မှာ Snapdragon 765G Chipset ပါမယ်လို့ အရင်က သတင်းထွက်ခဲ့ပါတယ်။ အခုတော့ AI Benchmark မှာ အဲဒီ Chipset ပါမယ်ဆိုတာ အတည်ပြုလိုက်ပါတယ်။ 8GB RAM နဲ့ Android 11 ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

Android 11 Developer Preview မကြာခင်က ထွက်လာပြီ ဖြစ်ပြီး အဲဒီက ကုဒ်တွေအရ Google Pixel 5 မှာ Reverse Wireless Charging ပါလာနိုင်တယ်လို့ XDA Developers က ပြောပါတယ်။ အဲဒီလုပ်ဆောင်ချက်ကို Settings Menu ထဲမှာ Battery Share လို့ နာမည်ပေးထားပြီး Pixel 5 ဟာ True Wireless Earbuds , Smartwatches နဲ့ တခြား ဖုန်းတွေကို ကြိုးမဲ့ အားသွင်းပေးနိုင်ပါတယ်။

တခြား ကိရိယာတွေကို ကြိုးမဲ့အားသွင်းပေးနိုင်တဲ့နည်းပညာကို အခုနောက်ပိုင်းထုတ် စွမ်းရည်မြင့် ဖုန်းတွေမှာ ထည့်သွင်းလာကြပါတယ်။ Google ရဲ့ စွမ်းရည်မြင့် Pixel 5 ဖုန်းတွေမှာလည်း အဲဒီ နည်းပညာ ပါလာမယ့်အတွက် ပြိုင်ဖက်တွေနဲ့ သူဒင်ကိုယ်ဒင် ဖိုက်နိုင်တော့မှာပါ။

Google Pixel 5 XL လို့ ထင်ရတဲ့ ဖုန်းရဲ့ ဓါတ်ပုံ မကြာခင်က ထွက်ပေါ်လာပြီး အနောက်ဘက်မှာ ကင်မရာ ၃ လုံး ထည့်သွင်းထားပါတယ်။ ၁ လုံးက မြင်ကွင်းကျယ် ကင်မရာ ဖြစ်နိုင်ပါတယ်။ နောက်ပိုင်းထုတ် ဖုန်းတော်တော်များများမှာ မြင်ကွင်းကျယ် ကင်မရာ ပါလာပေမယ့် Pixel 4 မှာ မြင်ကွင်းကျယ် ကင်မရာ မပါတာက လူပြောစရာတော်တော် ဖြစ်ခဲ့တာပါ။

ဓါတ်ပုံမှာ ဖုန်းရဲ့ အရှေ့ဘက်ကို မပြသထားပါဘူး။ ဒါပေမယ့် Motion Sense ပြန်ပါလာနိုင်ပါတယ်။ Google က Pixel 5 မှာ မျက်နှာပြင်ဘေးဘောင်တွေ ပါးလွှာအောင် ဖန်တီးထားနိုင်ပြီး လုပ်ဆောင်ချက် အသစ်တွေ ထည့်သွင်းထားနိုင်ပါတယ်။ လက်ရှိမှာ သူ့ရဲ့ သတင်းအချက်အလက်တွေကို ဒီလောက်ပဲသိရသေးပြီး နောက်ပိုင်းမှာ ပိုသိလာရတော့မှာပါ။

Ref : gsmarena

%d bloggers like this: