BMW နဲ့ ပူးပေါင်းထုတ်လုပ်ထားတဲ့ iQOO 5 BMW Edition ကို ၁၇ ရက်နေ့ ကြေညာမည်

Vivo iQOO 5 ကို ၁၇ ရက်နေ့မှာ ကြေညာတော့မှာ ဖြစ်ပြီး 120W Fast Charging နည်းပညာ ပါတဲ့အတွက် အရမ်းကို လန်းမှာပါ။ 100W ထက်ကျော်တဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်လာမှာပါ။ သူ့မှာ စွမ်းရည်မြင့် Specs တွေ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ အဲဒီ ရိုးရိုး မော်ဒယ်နဲ့အတူ iQOO 5 BMW Edition ကိုပါ မိတ်ဆက်မှာ ဖြစ်ပါတယ်။


ရိုးရိုး မော်ဒယ်ကို Geekbench နဲ့ 3C မှာ မှတ်ပုံတင်ထားပြီးပြီ ဖြစ်ပြီး ရိုးရိုး Snapdragon 865 Chipset ပဲ မောင်းနှင်ထားမှာဖြစ်ပါတယ်။ 8GB RAM နဲ့ 128GB Storage ထည့်သွင်းထားမှာ ဖြစ်ပြီး LPDDR5 နဲ့ UFS 3.1 အမျိုးအစားများ ဖြစ်တဲ့အတွက် လျှင်မြန်သွက်လက်ပါတယ်။

iQOO 5 မှာ 120Hz AMOLED မျက်နှာပြင်နဲ့ 240Hz Touch Sampling Rate ပါတဲ့အတွက် ဂိမ်း ကစားရင် အရမ်းမြန်မှာပါ။ Master Lu Benchmark မှာ မျက်နှာပြင် Resolution ဟာ 1080x2376p ရှိမယ်လို့ ဖော်ပြထားပါတယ်။ 19.8:9 Aspect Ratio ထောက်ပံ့ထားမှာ ဖြစ်ပါတယ်။

iQOO 5 Pro ကိုလည်း ထုတ်လုပ်ရောင်းချမယ်လို့ တချို့ သတင်းတွေက ပြောနေကြပါတယ်။ သူ့မှာ မျက်နှာပြင်ကွေးနဲ့ iQOO 5 မှာ မျက်နှာပြင်ပြား ထည့်သွင်းထားမှာ ဖြစ်ပြီး iQOO 5 ရဲ့ ကင်မရာအကြောင်းကို မသိရသေးပါဘူး။ ဒီလ ၁၇ ရက်နေ့မှာ သူ့ကို တရားဝင် မြင်ရတော့မှာပါ။

ref : gsmarena

%d bloggers like this: