TikTok က ထရမ့် အစိုးရကို တရားစွဲမည်

အမေရိကန် သမ္မတ ထရမ့်က သူ့နိုင်ငံမှာ TikTok ကို ပိတ်ပင်တဲ့ အမိန့် ထုတ်လိုက်ပြီးနောက် TikTok က ထရမ့် အစိုးရကို တရားစွဲတော့မှာပါ။ ထရမ့်ရဲ့ အမိန့်ဟာ မြန်တဲ့အတွက် TikTok ဟာ တုန့်ပြန်ချိန် မလောက်တဲ့အတွက် အခုလို တရားစွဲတာပါ။ ထရမ့် အစိုးရက TikTok ဟာ နိုင်ငံလုံခြုံရေးအတွက် ခြိမ်းခြောက်မှု ဆိုတာကိုလည်း TikTok က သက်သေမရှိဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ကြာသာပတေးနေ့က ထရမ့် လက်မှတ်ထိုးပြီးနောက် ၄၅ ရက်အတွင်း အမေရိကန်ဟာ TikTok ကို ပိတ်ပင်တော့မှာပါ။ ထရမ့်က အမေရိကန် လုံခြုံရေးအတွက် TikTok ပိုင်ရှင်တွေကို ပြင်းပြင်းထန်ထန် ပိတ်ပင်တော့မယ်လို့ ဖော်ပြထားပါတယ်။

TikTok က “ သုံးစွဲသူ ဒေတာတွေကို တရုတ် အစိုးရကို ဘယ်တုန်းကမှ မခိုးပေးခဲ့ဖူးဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြောထားပြီးပါပြီ။ ထရမ့် အစိုးရရဲ့ အမိန့်ဟာ တစ်ကမ္ဘာလုံးက အမေရိကန် အပေါ် ယုံကြည်မှု ကျဆင်းစေမှာ ဖြစ်ပြီး ရင်းနှီးမြှပ်နှံမှုတွေ နည်းသွားစေမှာပါ။ စီးပွားရေး လုပ်ငန်းတွေ လွတ်လပ်စွာ ယှဉ်ပြိုင်နိုင်ခွင့်ကို ထိပါးစေမှာပါ။ “ လို့ ပြောပါတယ်။

TikTok က မျှတမှုရအောင် ရသမျှ အရင်းအမြစ်တွေ အားလုံးကို အသုံးပြုဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။ ထရမ့် အစိုးရရဲ့ အမိန့်ကြောင့် Microsoft က TikTok ကို ဝယ်ယူဖို့ ကြိုးစားနေတာကို ဘယ်လို ဖြစ်သွားစေမလဲဆိုတာ မသိရသေးပါဘူး။ နောက်လ ၁၅ ရက်မှာ ကြေညာမယ်လို့ Microsoft က ပြောပါတယ်။

Ref : theverge

%d bloggers like this: