တရုတ်ရဲ့ BeiDou Navigation ပါလာနိုင်တဲ့ iPhone 12 Series

Apple ဟာ တရုတ်နိုင်ငံနဲ့ ဖြောင့်ဖြူးတဲ့ ဆက်ဆံရေး မရှိခဲ့ပါဘူး။ တရုတ်က Apple ကို အမြဲတမ်း ကြပ်လေ့ရှိပါတယ်။ အဲဒီအတွက် iPhone တွေမှာ တရုတ်ရဲ့ BeiDou Navigation System ပါလေ့ မရှိပါဘူး။ အခုတော့ iPhone 12 Series မှာ BeiDou Navigation System ပါလာတော့မယ်လို့ ထင်ပါတယ်။

BeiDou ရဲ့ ပြောရေးဆိုခွင့်ရှိသူနဲ့ တရုတ် ဂြိုလ်တု Navigation Office ဒါရိုက်တာ ဖြစ်သူ Ran Chengqi က Apple ဟာ BeiDou Navigation System ကို အနှေးနဲ့ အမြန် သုံးမယ်လို့ အင်တာဗျူး ၁ ခုမှာ ပြောပါတယ်။ လက်ရှိ iPhone 11 Pro Max အထိ GPS Receiver , A-GPS , GLONASS , GALILEO နဲ့ QZSS တွေပဲ ထည့်သွင်းထားတာ ဖြစ်တဲ့အတွက် တရုတ်က iPhone သုံးစွဲသူတွေအတွက် လိုအပ်ချက် ရှိနေခဲ့တာပါ။ တရုတ်နဲ့ အာရှ-ပစိဖိတ်မှာ BeiDou ရဲ့ စနစ်က စွမ်းရည် အကောင်းဆုံးပါ။

BeiDou System ကို သုံးစွဲတဲ့ နိုင်ငံ ၂၀၀ ကျော်ရှိပြီး သုံးစွဲသူ သန်း ၁၀၀ ကျော်ရှိပါတယ်။ နေ့စဉ် သုံးစွဲတဲ့အကြိမ် သန်း ၂၀၀ တောင်ရှိပါတယ်။ ကမ္ဘာအဝန်းက နိုင်ငံ ၁၂၀ မှာ BeiDou ထုတ်ကုန်တွေကို တင်ပို့ရောင်းချနေကြပါတယ်။

Ref : gsmarena

%d bloggers like this: