120x Zoom ပါလာမယ့် Xiaomi Mi 10 Ultra

အရင်က Mi 10 Pro Plus လို့ နာမည်ထွက်ခဲ့တဲ့ ဖုန်းကို တရုတ်ပြင်ပမှာ Mi 10 Ultra နာမည်နဲ့ ရောင်းမယ်လို့ CEO Lei Jun က မကြာခင်က အတည်ပြုခဲ့ပါတယ်။ သူ့ကို တရုတ်မှာ Mi 10 Extreme Commemorative Edition နာမည်နဲ့ ရောင်းမှာပါ။ အခုတော့ သူ့ရဲ့ ဓါတ်ပုံနဲ့ Specs တချို့ထွက်လာပြီး 120x Zoom ထောက်ပံ့ထားမှာ ဖြစ်တဲ့အတွက် Zoom စွမ်းရည်က အရမ်းလန်းပါတယ်။ ဓါတ်ပုံမှာ Ceramic Version နဲ့ Transparent Version ၂ မျိုးကို မြင်ရပြီး Bright Silver အရောင်လည်း ထွက်လာမယ်လို့ သတင်းထွက်နေပါတယ်။ Transparent Version ဟာ တကယ်ဖောက်ထွင်းမြင်ရတာလား၊ ဖန်အောက်ထဲ ထည့်ထားတဲ့ စတစ်ကာလားဆိုတာ မသိရသေးပါဘူး။

Mi 10 Ultra ကို ဒီ ၁ ပတ်အစောပိုင်းမှာ AnTuTu မှာ တွေ့ခဲ့ရပြီး ၆.၆၇ လက်မ Curved AMOLED Full HD+ မျက်နှာပြင် ပါလာမယ်လို့ ဖော်ပြထားပါတယ်။ မကြာခင်ကလည်း Geekbench မှာ သူ့ကို တွေ့လာရပါပြီ။ သူ့မှာ Snapdragon 865+ Chipset မောင်းနှင်ထားတယ်လို့ ဖော်ပြထားပြီး ဈေးကွက်ထဲ ရောင်းချနေတဲ့ Mi 10 နဲ့ Mi 10 Pro မှာ SD865 ပဲ ထည့်ထားတာပါ။ 12GB RAM ပါလာမယ်လို့ Geekbench မှာ ဖော်ပြထားပါတယ်။

120Hz Refresh Rate ထောက်ပံ့ထားနိုင်တဲ့အတွက် ဂိမ်း ကစားရင် အရမ်းလန်းမှာပါ။ အဲဒီဖုန်းမှာ 108MP Main ကင်မရာ ပါမယ်လို့ အစောပိုင်း သတင်းထွက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ 48MP Main ကင်မရာပဲ ထည့်ထားနိုင်တယ်လို့ သတင်းထွက်လာခဲ့ပါတယ်။ မနေ့ကပဲ Mi 10 Ultra မှာ မျက်နှာပြင်အောက် ကင်မရာ ပါလာမယ်လို့ သတင်းထွက်လာပါတယ်။ ဖုန်း နယ်ပယ်ကို အံ့အားသင့်သွားစေမယ်လို့ Tipster တွေက ပြောနေကြပါတယ်။ နောက်ထပ် လန်းတာ ၁ ခုက 120W Fast Charging ဖြစ်ပါတယ်။

အဲဒီဖုန်းမှာ Vapor Chamber Cooling ပိုကောင်းအောင် လုပ်ထားမယ့်အတွက် ဂိမ်း ကစားရင် အပူချိန် မလွန်ကဲအောင် ပြုလုပ်ပေးပါတယ်။ မကြာခင်က German TUV Rheinland မှာ သူ့ကို မှတ်ပုံတင်လိုက်ပြီ ဖြစ်ပြီး 4500mAh ဘက်ထရီ ပါလာမှာပါ။

Ref : gsmarena

%d bloggers like this: