Facebook က TikTok ကို ယှဉ်ပြိုင်မယ့် Instagram Reels ကို ဝန်ဆောင်မှုပေး

Facebook က TikTok ကို ယှဉ်ပြိုင်မယ့် Instagram Reels ကို ဖြန့်ချိပေးလိုက်ပါတယ်။ ကမ္ဘာအဝန်းမှာ အသုံးပြုနိုင်ပြီ ဖြစ်ပြီး Reels မှာ ၁၅ စက္ကန့်ကြာ ဗီဒီယိုတွေ ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ Audio နဲ့ Visual Effects များစွာ ပါပြီး Explore Tab မှာ တခြား User တွေရဲ့ ဗီဒီယိုတွေကို ကြည့်ရှုနိုင်ပါတယ်။

Reels မှာ Tunes နဲ့ AR Effect အပါအဝင် Editing Tools များစွာ ထည့်သွင်းထားပြီး Instagram အသုံးပြုသူတိုင်း Reels ကို သုံးနိုင်မယ်လို့ Facebook က ပြောပါတယ်။ Facebook က Reels ကို ကမ္ဘာအဝန်းအတွက် ဖြန့်ချိနေတဲ့အတွက် လက်ရှိမှာ နိုင်ငံတိုင်း အသုံးပြုလို့ မရသေးဘူးလို့ သိရပါတယ်။

Facebook ဟာ ပြီးခဲ့တဲ့နှစ် ဘရာဇီးမှာ Reels ကို စတင် မိတ်ဆက်ခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက ဂျာမနီနဲ့ ပြင်သစ်မှာလည်း စမ်းသပ်ခဲ့ကြပြီး မကြာခင်က TikTok ကို Ban ခဲ့တဲ့ အိန္ဒိယမှာ အသုံးပြုလို့ရခဲ့ပါတယ်။ တရုတ် ကုမ္ပဏီ ByteDance ပိုင်တဲ့ TikTok ကို အမေရိကန်က ပိတ်ပင်ဖို့ ကြိုးစားနေပါတယ်။ သမ္မတ ထရမ့်က မကြာခင်ကပဲ ခြိမ်းခြောက်နေခဲ့ပြီး Facebook က အချိန်ကောင်းမှာ Reels ကို ဖြန့်ချိပေးလိုက်တာပါ။

Ref : gsmarena

%d bloggers like this: