Amazon မှာ ရောင်းအားလန်းနေတဲ့ Pixel 4a

ကြေညာထားတာ ၁ ပတ်လောက်ပဲရှိသေးတဲ့ အချိန်မှာ Pixel 4a ဟာ Amazon ရဲ့ ရောင်းအား အကောင်းဆုံး စာရင်းဝင်နေပါတယ်။ Samsung Galaxy A20s ပြီးနောက်မှာ ဒုတိယ ရောင်းအား အကောင်းဆုံး ဖြစ်နေပါတယ်။ IDC ရဲ့ စစ်တမ်းအရ ၂၀၁၉ မှာ Google ဟာ Pixel Device ပေါင်း ၇.၂ သန်း ရောင်းချနိုင်ခဲ့ပါတယ်။ Pixel 4a ကတော့ Google ရဲ့ တန်ဖိုးသင့် ဖုန်း ဖြစ်ပါတယ်။

သူ့မှာ ၅.၈ လက်မ FullHD+ OLED မျက်နှာပြင်နဲ့ Snapdragon 730G Chipset ထည့်ထားပါတယ်။ အရှေ့ဘက်မှာ 12.2MP ကင်မရာနဲ့ အနောက်ဘက်မှာ 8MP ကင်မရာ ၁ လုံးစီထည့်ထားပြီး ကင်မရာတွေမှာ AI အခြေပြု ကင်မရာ လုပ်ဆောင်ချက်တွေ ပါပါတယ်။

HDR+, Portrait Mode, Top Shot , Night Sight , OIS, EIS Stabilization တွေ ထည့်ထားပြီး Android 10 ပါပါတယ်။ နောက်လမှာ Android 11 ရမှာ ဖြစ်ပြီး ပလတ်စတစ်ကိုယ်ထည်နဲ့ တည်ဆောက်ထားပါတယ်။ 18W Charging ထောက်ပံ့တဲ့ 3140mAh ဘက်ထရီ ထည့်ထားပါတယ်။

Google Pixel 4a specifications

• 5.81-inch (1080 x 2340 pixels) FHD+ OLED 18.5:9 display, 443 PPI, HDR support, Corning Gorilla Glass 3 protection
• Octa Core (2.2GHz Dual + 1.8GHz Hexa) Snapdragon 730G Mobile Platform with Adreno 618 GPU, Titan M security chip
• 6GB LPDDR4X RAM, 128GB (UFS 2.1) storage
• Android 10
• 12.2MP rear camera with f/1.7 aperture, LED flash, Dual PD autofocus, OIS, EIS, 4K video recording at 30fps, 1080p at up to 120fps and 720p at up to 240fps
• 8MP front camera with 84° ultra-wide lens, f/2.0 aperture
• Dual SIM (Single Nano SIM + eSIM)
• Fingerprint sensor
• 3.5mm audio jack, Stereo speakers, 2 microphones
• Dimensions: 144x 69.4 x 8.2mm; Weight: 143g
• 4G VoLTE, Wi-Fi 802.11ac 2x2MIMO (2.4/5 GHz), Bluetooth 5.1 LE, GPS, USB Type-C Gen 1, NFC
• 3140mAh battery with 18W fast charging

Google Pixel 4a အတွက် Just Black အရောင် ထုတ်လုပ်ထားပြီး ၃၄၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၄ သိန်း ၇ သောင်းလောက် ကျသင့်မှာ ဖြစ်ပါတယ်။ Google က Pixel 4a 5G ကိုလည်း ၄၉၉ ဒေါ်လာနဲ့ ရောင်းမယ်လို့ ကြေညာလိုက်ပြီး မြန်မာငွေ ၆ သိန်း ၈ သောင်းလောက် ရှိပါတယ်။

Ref : fonearena

%d bloggers like this: