အိန္ဒိယမှာ MIUI 12 ရသွားတဲ့ Poco X2

အိန္ဒိယမှာ Poco X2 ကို အကန့်အသတ် မရှိ မတ်လမှာ ရောင်းပေးခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကြေညာခဲ့တဲ့ Redmi K30 4G ကို အခြေပြု ဖန်တီးထားတာပါ။ အခုတော့ Xiaomi က အိန္ဒိယက Poco X2 အတွက် MIUI 12 Update ကို ဖြန့်ချိပေးလိုက်ပါတယ်။ ဖိုင်အရွယ်အစားက 813MB ရှိပြီး Build Number က MIUI 12.0.1.0,QGHINXM ဖြစ်ပါတယ်။

Poco X2 ရဲ့ Specs တွေကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ သူ့မှာ ၆.၆၇ လက်မ Full HD+ “Reality Flow” LCD မျက်နှာပြင် ထည့်သွင်းထားပြီး 120Hz Refresh Rate ပါတဲ့အတွက် ဂိမ်းကစားရင်၊ ဖုန်း သုံးရင် မျက်နှာပြင် တုန့်ပြန်မှုက အရမ်း မြန်ပါတယ်။

Screen-to-body Ratio က ၉၁ ရာခိုင်နှုန်းတောင် ရှိတဲ့အတွက် ဘောင်ပျောက် ဒီဇိုင်းက မိုက်ပါတယ်။ Snapdragon 730G , 8GB RAM နဲ့ Android 10 အခြေပြု MIUI 11 မောင်းနှင်ထားပါတယ်။ အနောက်ဘက်မှာ 64MP Sony IMX686 , 8MP Ultrawide , 2MP Super Macro နဲ့ 2MP Portrait ကင်မရာတွေ ပါပါတယ်။

Gorilla Glass 5 နဲ့ ကာကွယ်ထားပြီး ဘေးဘက်မှာ လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပါတယ်။ 27W Fast Charging ထောက်ပံ့တဲ့ 4500mAh ဘက်ထရီက သက်တမ်း အရမ်းကောင်းမှာပါ။ အပြာ၊ ခရမ်းနဲ့ အနီရောင် ထုတ်လုပ်ထားပြီး 6/64GB ကို ၁၅,၉၉၉ ရူပီး ၊ 6/128GB ကို ၁၆,၉၉၉ ရူပီးနဲ့ 8/256GB ကို ၁၉,၉၉၉ ရူပီး သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၃ သိန်း ၂ သောင်း၊ ၃ သိန်း ၅ သောင်းနဲ့ ၄ သိန်း ၁ သောင်းလောက် အသီးသီး ကျသင့်မှာပါ။

POCO X2 specifications

• 6.67-inch (1080 × 2400 pixels) Full HD+ 20:9 LCD screen with 120Hz refresh rate, HDR 10, Corning Gorilla Glass 5 protection
• Octa Core (2.2GHz Dual + 1.8GHz Hexa) Snapdragon 730G 8nm Mobile Platform with Adreno 618 GPU
• 6GB LPDDR4X RAM with 64GB / 128GB (UFS 2.1) storage, 8GB LPDDR4X RAM with 256GB (UFS 2.1) storage, expandable memory up to 512GB
• Android 10 with MIUI 11
• Hybrid Dual SIM (nano + nano / microSD)
• 64MP rear camera with LED Flash, Sony IMX686 sensor, 0.8μm, f/1.89 aperture, 8MP 120° ultra-wide sensor with 1.12μm, f/2.2 aperture, 2MP depth and 2MP macro sensor with 1.75μm, f/2.4 aperture, 4K 30fps, 960 fps at 720p
• 20MP front-facing camera with f/2.2 aperture, 2MP secondary camera with 1.75μm pixel size for portrait
• Side-mounted fingerprint sensor, IR sensor
• 3.5mm audio jack, FM Radio, 1217 Linear Speaker, Qualcomm Aqstic WCD937x audio codec
• Splash resistant (P2i coating)
• Dimensions: 165.3×76.6×8.79mm; Weight: 208g
• Dual 4G VoLTE, WiFi 802.11 ac (2.4GHz + 5GHz), VoWiFi, Bluetooth 5, GPS/GLONASS/Beidou, USB Type-C
• 4500mAh (Typical) / 4400mAh (Minimum) battery with 27W fast charging

Ref : gsmarena

%d bloggers like this: