သင့် Android ဖုန်းက ဖိုင်တွေကို ဖွက်ထားပေးမယ့် Google Files App

သင့် Android ဖုန်းမှာ သူများတွေ မမြင်စေချင်တဲ့ ဖိုင်တွေကို ဖွက်ထားပေးနိုင်တဲ့ App တွေများစွာ ရှိသလို ဖုန်း ကုမ္ပဏီတွေကလည်း သူတို့ကိုယ်ပိုင် လုပ်ဆောင်ချက်တွေကို ထည့်သွင်းပေးထားကြပါတယ်။ ဒါပေမယ့် Software ဂုရုကြီး Google က ဒီလို ဖိုင်တွေဖွက်ရာမှာ အစွမ်းထက်တဲ့ Google Files App ကို ဖန်တီးပေးထားပါတယ်။

Google Files App ကို ဒီလင့် ကနေ Download လုပ်ပါ။


• Google Files App ကို ဖွင့်ပါ။
• အဲဒီမှာ Safe Folder Section ကို သွားပြီး PIN သတ်မှတ်ပါ။
• Safe Folder ထဲ ပြောင်းချင်တဲ့ ဖိုင်တွေကို ရွေးချယ်ပါ။
• ညာဘက်ထိပ်က Menu ကို နှိပ်ပြီး Move to Safe Folder ကို နှိပ်ပါ။
• သင့် PIN ကို ထည့်ပေးပါ။

သင် ရွေးချယ်ထားတဲ့ ဖိုင်အားလုံးဟာ Safe Folder ထဲ ရောက်သွားပြီ ဖြစ်ပါတယ်။ အဲဒီ ဖိုင်တွေကို တခြားလူတွေ မမြင်ရတော့သလို Gallery နဲ့ တခြား File Manager App တွေမှာ ပြသပေးမှာ မဟုတ်ပါဘူး။

Ref : tnw

%d bloggers like this: