တောင်ကိုရီးယားက Galaxy Watch Active2 မှာ ECG ရပြီ

Samsung Galaxy Watch Active2 ကို အရင်နှစ် ဩဂုတ်လက ကြေညာခဲ့ပြီး နှလုံးခုန်နှုန်းတိုင်းတာပေးတဲ့ ECG Sensor ပါပါတယ်။ ဒါပေမယ့် အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေရသေးတဲ့အတွက် နိုင်ငံများစွာမှာ သုံးလို့ မရခဲ့သေးပါဘူး။ ဒီနှစ် မေလမှာ တောင်ကိုရီးယားမှာ ခွင့်ပြုချက်ရသွားခဲ့ပြီး Samsung က ကွာတား ၃ မှာ အဲဒီ လုပ်ဆောင်ချက်ကို သုံးလို့ရအောင် ပြုလုပ်ပေးမယ်လို့ ပြောခဲ့ပါတယ်။

အခုတော့ Samsung က ကတိအတိုင်း တောင်ကိုရီးယားမှာ ECG သုံးလို့ရအောင် ပြုလုပ်ပေးလိုက်ပါပြီ။ ECG ကို သုံးဖို့အတွက် စမတ်နာရီနဲ့ ချိတ်ဆက်မယ့် ဖုန်းမှာ Samsung Health Monitor App ကို ထည့်သွင်းရမှာပါ။ ECG က သင့်နှလုံးခုန်နှုန်း သာမာန်ထက်မြန်ရင် အသိပေးမှာဖြစ်သလို ဒေတာတွေ ကောက်ယူပေးထားမှာပါ။

Galaxy Watch Active2 ဟာ ECG ကို တိုင်းတာဖို့အတွက် ၃၀ စက္ကန့်လောက်ပဲ ကြာမြင့်ပေမယ့် အဲဒီ ဒေတာတွေကို အခြေခံကာ ဆေးကုသမှုခံယူတာတွေ မလုပ်သင့်ပါဘူး။ နှလုံးကျန်းမာရေးအတွက် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ တောင်ကိုရီးယား ပြင်ပက Galaxy Watch Active2 User တွေမှာ ECG ရမယ့် အချိန်ကို မသိရသေးပါဘူး။

Ref : gsmarena

%d bloggers like this: