Xiaomi Mi 10 Pro Plus ကို Xiaomi Mi 10 Ultra လို့ နာမည်ပေးထားမည်

Xiaomi ဟာ ဖုန်း အသစ် ၂ လုံးကို နောက် ၁ ပတ်မှာ ကြေညာတော့မှာ ဖြစ်ပြီး အဲဒါတွေက Mi 10 Pro Plus နဲ့ Redmi K30 Extreme Commemorative Edition တို့ ဖြစ်ပါတယ်။ အခုတော့ ပူးတွဲတည်ထောင်သူ Lei Jun က တရုတ်ပြင်ပမှာ Mi 10 Pro Plus ကို Mi 10 Ultra နာမည်နဲ့ ကြေညာမယ်လို့ ပြောပါတယ်။ တရုတ်မှာတော့ Mi 10 Supreme Edition နာမည်ပေးထားနိုင်တယ်လို့ Machine Translation က ဘာသာပြန်ပါတယ်။

Mi 10 Pro Plus ကို ဒီ ၁ ပတ်အစောပိုင်းမှာ AnTuTu မှာ တွေ့ခဲ့ရပြီး ၆.၆၇ လက်မ Curved AMOLED Full HD+ မျက်နှာပြင် ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ 120Hz Refresh Rate ထောက်ပံ့ထားနိုင်တဲ့အတွက် ဂိမ်း ကစားရင် အရမ်းလန်းမှာပါ။ အဲဒီဖုန်းမှာ 108MP Main ကင်မရာ ပါမယ်လို့ အစောပိုင်း သတင်းထွက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ 48MP Main ကင်မရာပဲ ထည့်ထားနိုင်တယ်လို့ သတင်းထွက်လာခဲ့ပါတယ်။ အနောက်ကင်မရာတွေထဲမှာ Superwide Lens , Macro နဲ့ Zoom ကင်မရာတွေ ပါလာမှာ သေချာပါတယ်။ အနောက်ကင်မရာ ၃ လုံး သို့မဟုတ် ၄ လုံး ထည့်ထားမလားဆိုတာ မသိရသေးပါဘူး။ 120W Fast Charging ပါလာမယ်လို့ သတင်းထွက်နေတဲ့အတွက် အားသွင်းနှုန်းက ဖလန်းဖလန်းထနေမှာပါ။

မကြာခင်ကလည်း Geekbench မှာ သူ့ကို တွေ့လာရပါပြီ။ သူ့မှာ Snapdragon 865+ Chipset မောင်းနှင်ထားတယ်လို့ ဖော်ပြထားပြီး ဈေးကွက်ထဲ ရောင်းချနေတဲ့ Mi 10 နဲ့ Mi 10 Pro မှာ SD865 ပဲ ထည့်ထားတာပါ။ Mi 10 Pro Plus မှာ 12GB RAM ပါလာမယ်လို့ Geekbench မှာ ဖော်ပြထားပါတယ်။ မကြာခင်က German TUV Rheinland မှာ သူ့ကို မှတ်ပုံတင်လိုက်ပြီ ဖြစ်ပြီး 4500mAh ဘက်ထရီ ပါလာမှာပါ။

Ref : gsmarena

%d bloggers like this: