Samsung Galaxy Note 20 Ultra vs Galaxy S20 Ultra: Specs Comparison

Samsung က Galaxy Note 20 Ultra ကို ပူပူနွေးနွေး ကြေညာထားပြီး လုပ်ဆောင်ချက် အသစ်တွေပါတဲ့ စွမ်းရည်မြင့် ဖုန်း ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ Specs အားလုံးဟာ အရင်ကြေညာထားတဲ့ Galaxy S20 Ultra ထက် မကောင်းပါဘူး။ S20 Ultra ဟာ Note 20 Ultra ထက် ပိုကောင်းတယ်လို့လည်း မဆိုနိုင်ပါဘူး။ အဲဒီအတွက် သင့် စိတ်ကြိုက်နဲ့ ကိုက်ညီတဲ့ ဖုန်းကို ရွေးချယ်နိုင်ဖို့ သူတို့ ၂ လုံးရဲ့ Specs တွေကို နှိုင်းယှဉ်ပေးလိုက်ပါတယ်။


ဈေးနှုန်း

တန်ဖိုးအနည်းဆုံး အနေနဲ့ Note 20 Ultra ဟာ အမေရိကန်မှာ ၁၃၀၀ ဒေါ်လာနဲ့ S20 Ultra ဟာ ၁၁၅၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။

အကျဉ်းချုပ် သုံးသပ်ချက်

ဖုန်းနဲ့ အလုပ်လုပ်ချင်သူတွေအတွက် S Pen က အရမ်းကို အသုံးဝင်တဲ့အတွက် Note 20 Ultra ကို ရွေးချယ်သင့်ပါတယ်။ ဒါပေမယ့် S20 Ultra ကတော့ ကင်မရာနဲ့ ဘက်ထရီ သက်တမ်း ပိုကောင်းပါတယ်။ Exynos Version ရဲ့ ဟာ့ဒ်ဝဲတွေနဲ့ မျက်နှာပြင်က Note 20 Ultra နဲ့ တူညီနေပြီး Snapdragon Version မှာ ပိုကောင်းတဲ့ Processor ပါပါတယ်။ သူတို့ရဲ့ အားသာချက် ၊ အားနည်းချက် အသေးစိတ်ကို အောက်မှာ လေ့လာပါ။

Samsung Galaxy Note 20 Ultra 5G vs Samsung Galaxy S20 Ultra 5G: PRO and CONS

Samsung Galaxy Note 20 Ultra
PRO
• S Pen
• Gorilla Glass Victus
• Wider display
• Wireless DeX
• Better processor (Snapdragon version only)
CONS
• Higher price

Samsung Galaxy S20 Ultra
PRO
• Bigger battery
• More affordable
• Better cameras
• Faster charging
CONS
• No S Pen!

Ref : gizmochina

%d bloggers like this: