မျက်နှာပြင် ၂ ခု ပါတဲ့ Samsung Galaxy Z Fold2 5G ကို ကြေညာပြီ

Samsung က Galaxy Z Fold2 ကို ကြေညာလိုက်ပြီ ဖြစ်ပြီး 5G ပါတဲ့ Foldable ဖုန်း ဖြစ်ပါတယ်။ ၇.၆ လက်မ မျက်နှာပြင်ကို အတွင်းဘက်မှာ တပ်ဆင်ထားပြီး ဘောင်ပျောက်ဒီဇိုင်းက မိုက်ပါတယ်။ 120Hz Refresh Rate ထောက်ပံ့ထားပြီး အပြင်ဘက်မှာ ၆.၂ လက်မ Infinity-O Cover မျက်နှာပြင် တပ်ဆင်ထားပါတယ်။

အတွင်းနဲ့ အပြင် မျက်နှာပြင်တွေမှာ Punch Hole ကင်မရာတွေ တပ်ဆင်ထားပြီး အပြင်ဘက်မှာ ကင်မရာ ၃ လုံး ပါပါသေးတယ်။ Galaxy Fold မှာ သုံးထားတဲ့ Ultra Thin Glass ကို ထည့်သွင်းထားပြီး Hinge ကို အရင်မျိုးဆက်ထက် ချောမွတ်အောင် ပြုလုပ်ထားပါတယ်။ Snapdragon 865+ Chipset မောင်းနှင်ထားနိုင်ပေမယ့် ကုမ္ပဏီက တချို့ Specs တွေကို မပြောသေးပါဘူး။

Samsung Galaxy Z Fold2 အတွက် Mystick Black နဲ့ Mystic Bronze ၂ ရောင် ထုတ်လုပ်ထားပြီး နာမည်ကျော် နယူးယောက် ဖက်ရှင် ကုမ္ပဏီနဲ့ ပူးပေါင်းထုတ်လုပ်မယ့် Thom Browne Edition လည်း ထွက်လာမှာ ဖြစ်ပါတယ်။ စက်တင်ဘာလ ၁ ရက်နေ့ ကြိုတင်မှာယူတဲ့အခါကျရင် ရောင်းချမယ့် အချိန်ကို ပြောမယ်လို့ Samsung က ပြောပါတယ်။

Ref : fonearena

%d bloggers like this: