OnePlus Nord ကို ဗြိတိန်နဲ့ ဂျာမနီမှာ ရောင်းပြီ

OnePlus Nord ကို ဗြိတိန်နဲ့ ဂျာမနီမှာ ရောင်းချပေးလိုက်ပြီ ဖြစ်ပြီး ပထမဆုံး အသုတ်မှာ ဝယ်ယူသူတွေအတွက် ကုမ္ပဏီက လက်ဆောင်တွေ ပေးမှာ ဖြစ်ပါတယ်။ လက်ဆောင်တွေထဲမှာ အိတ်၊ Creator Case နဲ့ AR Cardboard တို့ ပါဝင်ပြီး Random အနေနဲ့ မဲဖောက်ပေးတဲ့ သဘောဖြစ်ပါတယ်။

ဗြိတိန်နဲ့ ဂျာမနီ အပြင် OnePlus Nord ကို ၂ ရက်အတွင်း ဥရောပမှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။ အိန္ဒိယမှာ ဒီလ ၆ ရက်နေ့ မှာ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ပြင်သစ်မှာတော့ OnePlus Type-C Bullets နားကြပ်ကို လက်ဆောင်ပေးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ပြင်သစ်မှာ ဖုန်းနဲ့အတူ နားကြပ်ကိုပါ ထည့်သွင်းပေးရတဲ့ ဥပဒေ ရှိပါတယ်။

သူ့မှာ ၆.၄၄ လက်မ FHD+ Fulid AMOLED မျက်နှာပြင်၊ 90Hz Refresh Rate ၊20:9 Aspect Ratio တို့ ပါပါတယ်။ အရှေ့ဘက်မှာ 32MP နဲ့ 8MP Ultrawide Punch Hole ကင်မရာ ၂ လုံးနဲ့ အနောက်ဘက်မှာ 48MP , 8MP Ultrawide , 5MP Depth နဲ့ 2MP Macro ကင်မရာ ၄ လုံး ထည့်သွင်းထားပါတယ်။

SD765G SoC မောင်းနှင်ထားပြီး 5G ပါပါတယ်။ အနောက်ဘက်ကို ဖန်နဲ့ ဖုံးအုပ်ထားပြီး မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ ထည့်ထားပါတယ်။ 30T Fast Charging က ၂၂ မိနစ်အတွင်း ၀ ကနေ ၇၀ ရာခိုင်နှုန်း အားဖြည့်ပေးပါတယ်။

OnePlus Nord specifications

• 6.44-inch (1080 x 2400 pixels) Full HD+ 408 ppi 20:9 Fluid AMOLED display with 90Hz refresh rate, Corning Gorilla Glass 5 protection
• Octa Core (1 x 2.4GHz + 1 x 2.2GHz + 6 x 1.8GHz Kryo 475 CPUs) Snapdragon 765G 7nm EUV Mobile Platform with Adreno 620 GPU
• 6GB LPDDR4X RAM with 64GB (UFS 2.1) storage, 8GB LPDDR4X RAM with 128GB (UFS 2.1) storage, 12GB LPDDR4X RAM with 256GB (UFS 2.1) storage
• Android 10 with OxygenOS 10.5
• Dual SIM (nano + nano)
• 48MP rear camera with Sony IMX586 sensor, 0.8μm pixel size, f/1.75 aperture, OIS + EIS Hybrid stabilization, 8MP 119° ultra-wide camera with f/2.25 aperture, 5MP depth sensor with f/2.4 aperture, 2MP macro camera with f/2.4 aperture, 4K video at 30fps, 1080p slow motion at 240fps
• 32MP front-facing camera with Sony IMX616 sensor, f/2.45 aperture, EIS, secondary 8MP 105° ultra-wide camera with f/2.45 aperture
• In-display fingerprint sensor
• Dimensions: 158.3×73.3×8.2mm; Weight: 184g
• USB Type-C audio, Super linear speaker
• 5G SA/NSA, Dual 4G VoLTE, Wi-Fi 6 802.11 ac (2.4GHz + 5GHz) 2X2 MIMO, Bluetooth 5.1, GPS (L1+L5 Dual Band) + GLONASS, NFC, USB Type-C
• 4115mAh battery with Warp Charge 30T Fast Charging (5V/6A)

Blue Marble နဲ့ Gray Onyx ၂ ရောင် ထုတ်လုပ်ထားပြီး 6/64GB , 8/128GB နဲ့ 12/256GB တွေ ရွေးချယ်နိုင်ပါတယ်။ ၂၄,၉၉၉ ၊ ၂၇,၉၉၉ နဲ့ ၂၉,၉၉၉ ရူပီး အသီးသီး သတ်မှတ်ထားပြီး မြန်မာငွေ ၄ သိန်း ၆ သောင်း၊ ၅ သိန်း ၂ သောင်းနဲ့ ၅ သိန်း ၅ သောင်းလောက် တန်ကြေးရှိပါတယ်။

Ref : fonearena

%d bloggers like this: