25W Charging ပါလာမယ့် Samsung Galaxy M51

Samsung Galaxy M51 ရဲ့ ဓါတ်ပုံတွေ မတ်လက ထွက်ပေါ်ခဲ့ပြီး အနောက်ဘက်မှာ ကင်မရာ ၃ လုံး ပါလာတာ မြင်ရပါတယ်။ ဒါပေမယ့် တခြား သတင်းတွေအရ M51 မှာ 64MP Quad ကင်မရာတွေကို အနောက်ဘက်မှာ ထည့်သွင်းထားမယ်လို့ သိခဲ့ရပါတယ်။ အဲဒီနောက်ပိုင်းမှာ SamMobile က 64MP Main ကင်မရာနဲ့အတူ 12MP Ultrawide Angle ကင်မရာ ၁ လုံး ပါလာမယ်လို့ သတင်းပေးလာပါတယ်။ တခြား ကင်မရာ ၂ လုံးရဲ့ သတင်းအချက်အလက်တွေကို မသိရသေးပါဘူး။

အခုတော့ သူ့ကို FCC မှာ မှတ်ပုံတင်လိုက်ပြီ ဖြစ်ပြီး 25W Fast Charging ပါမယ်လို့ သိရပါတယ်။ Samsung က Galaxy M51 ရဲ့ အကြောင်း ဘာမှကို မပြောသေးပါဘူး။ ဒါပေမယ့် Galaxy M51 လို့ထင်ရတဲ့ Samsung ရဲ့ မော်ဒယ်နံပါတ် SM-M515F ကို ပြီးခဲ့တဲ့လက Geekbench မှာတွေ့လာရပြီး သူ့ရဲ့ အဓိက Specs တွေကို သိလာရပါတယ်။ သူ့မှာ Snapdragon 675 SoC မောင်းနှင်ထားမှာ ဖြစ်ပြီး 8GB RAM နဲ့ Android 10 ထည့်သွင်းထားပါတယ်။

Galaxy M51 ကြေညာမယ့် အချိန်ကို မသိရသေးပေမယ့် အိန္ဒိယမှာ စက်တင်ဘာလ ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။ တောင်အာရှ နိုင်ငံတွေမှာ မရောင်းခင် တခြား နိုင်ငံတွေမှာ အရင် ရောင်းချနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: