SD765G ပါတဲ့ OPPO K7 5G ကို ကြေညာပြီ

OPPO က စွမ်းရည်သင့် 5G ဖုန်း ဖြစ်တဲ့ K7 ကို ကြေညာလိုက်ပါတယ်။ သူ့မှာ ၆.၄ လက်မ FullHD+ AMOLED မျက်နှာပြင် ထည့်သွင်းထားပြီး Screen to body Ratio က ၉၁.၉ ရာခိုင်နှုန်းတောင်ရှိတဲ့အတွက် ဘောင်ပျောက် ဒီဇိုင်းက မိုက်ပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၄ လုံးနဲ့ အရှေ့ဘက်မှာ ကင်မရာ ၁ လုံးပါပါတယ်။ အနောက်ဘက်ကို ဖန်နဲ့ ဖုံးအုပ်ထားပြီး အရောင်ပြောင်း ဒီဇိုင်း ဖြစ်ပါတယ်။

OPPO K7 5G specifications

• 6.4-inch (2400 × 1080 pixels) Full HD+ AMOLED display
• Octa Core (1 x 2.4GHz + 1 x 2.2GHz + 6 x 1.8GHz Kryo 475 CPUs) Snapdragon 765G 7nm EUV Mobile Platform with Adreno 620 GPU
• 8GB (LPPDDR4x) RAM with 128GB / 256GB (UFS 2.1) storage
• Dual SIM
• ColorOS 7.2 based on Android 10
• 48MP rear camera with f/1.7 aperture, LED flash, EIS, 8MP 119° ultra-wide angle lens with f/2.25 aperture, 2MP depth sensor and 2MP for 4cm macro with f/2.4 aperture,1.75μm pixel size
• 32MP front-facing camera with f/2.0 aperture
• In-display fingerprint sensor
• 3.5mm audio jack
• Dimensions: 160.3×74.3×7.96mm; Weight: 180g
• 5G SA/ NSA, Dual 4G VoLTE, Wi-Fi 802.11 ac (2.4GHz + 5GHz), Bluetooth 5, GPS + GLONASS, NFC, USB Type-C
• 4025mAh battery (typical) / 3935mAh (minimum) with 30W VOOC 4.0 fast charging

Mystery Black, Blue, Lemon yellow, Flame gradient နဲ့ White အရောင်တွေ ရွေးချယ်နိုင်ပြီး 8/128GB ကို ၁၉၉၉ ယွမ်နဲ့ 8/256GB ကို ၂၂၉၉ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၃ သိန်း ၉ သောင်းနဲ့ ၄ သိန်း ၅ သောင်းလောက်ကျသင့်မှာပါ။ ၁၁ ရက်နေ့ တရုတ်မှာ ရောင်းမှာပါ။

Ref : fonearena

%d bloggers like this: