၃ သိန်းလောက်ပဲရှိတဲ့ realme V5 5G ကို ကြေညာပြီ

realme က ပထမဆုံး V Series ဖုန်းကို ကြေညာလိုက်ပြီး ဈေးအရမ်းချိုတဲ့ 5G ဖုန်း ၁ လုံး ဖြစ်ပါတယ်။ သူ့မှာ ၆.၅ လက်မ FullHD+ LCD မျက်နှာပြင်ပါလာပြီး Screen to body Ratio မှာ ၉၀.၇ ရာခိုင်နှုန်း ရှိပါတယ်။ MediaTek Dimensity 720 SoC မောင်းနှင်ထားပြီး အနောက်ကင်မရာ ၄ လုံးနဲ့ အရှေ့ ကင်မရာ ၁ လုံး ထည့်ထားပါတယ်။

ဘေးဘက်လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပြီး ငွေရောင် မော်ဒယ်မှာ realme Logo ကို ခပ်ကြီးကြီး ရေးထားပါတယ်။ အပြာနဲ့ အစိမ်းရောင်တွေလည်း ရွေးချယ်နိုင်ပြီး 30W Flash Charge ထောက်ပံ့ထားပါတယ်။ 5000mAh ဘက်ထရီကို ၆၅ မိနစ်မှာ ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးပါတယ်။

realme V5 5G specifications

• 6.5-inch (1080 × 2400 pixels) Full HD+ 20:9 LCD screen with 90Hz refresh rate
• Octa Core MediaTek Dimensity 720 7nm processor (Dual 2GHz Cortex-A76 + Hexa 2GHz Cortex-A55 CPUs) with Mali-G57 MC3 GPU
• 6GB / 8GB LPDDR4X RAM, 128GB (UFS 2.1) storage, expandable memory up to 256GB storage
• Android 10 with realme UI
• Hybrid Dual SIM (nano + nano / microSD)
• 48MP rear camera with f/1.8 aperture, LED flash, 8MP 119° ultra-wide angle lens with f/2.3 aperture, 2MP 4cm macro lens, 2MP depth sensor with f/2.4 aperture
• 16MP front-facing camera with f/2.1 aperture
• Side-mounted fingerprint sensor
• Dimensions: 162.2×75.1×9.1mm; Weight: 194g
• Splash resistant (p2i coating)
• 3.5mm audio jack, Linear speaker, Dolby Atmos, Hi-res audio
• 5G (SA/ NSA) / Dual 4G VoLTE, Wi-Fi 802.11 ac (2.4GHz + 5GHz), Bluetooth 5, GPS/GLONASS/Beidou, USB Type-C
• 5000mAh (typical) / 4900mAh (minimum) battery with 30W flash charge fast charging

6/128GB ကို ၁၄၉၉ ယွမ်နဲ့ 8/128GB ကို ၁၈၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၂ သိန်း ၉ သောင်းနဲ့ ၃ သိန်း ၇ သောင်း အသီးသီး ကျသင့်မှာပါ။ ၇ ရက်နေ့ တရုတ်မှာ ရောင်းမှာပါ။

Ref : fonearena

%d bloggers like this: