Samsung Galaxy S20 FE (Fan Edition) ရဲ့ ဓါတ်ပုံထွက်ပေါ်လာ

တောင်ကိုရီးယား မီဒီယာ ETNews က Galaxy S20 Lite ကို အောက်တိုဘာလမှာ ရောင်းမယ်လို့ သတင်းပေးထားပါတယ်။ အဲဒီဖုန်းကို Galaxy S20 FE ( Fan Edition ) လို့ ပြောတဲ့အတွက် Galaxy S20 Lite နာမည်နဲ့ ထွက်လာဖို့ မသေချာသေးပါဘူး။ အခုတော့ သူ့ရဲ့ အရှေ့ဘက်ကို ပြသထားတဲ့ ဓါတ်ပုံ ၁ ပုံ ထွက်ပေါ်လာပြီး မျက်နှာပြင် အထက် အလယ်မှာ Punch Hole ဆဲလ်ဖီး ကင်မရာ ၁ လုံးကို မြင်ရပါတယ်။ မျက်နှာပြင် ဘေးဘောင်ပျောက် ဒီဇိုင်းက အရမ်းမိုက်ပြီး Screen to body Ratio မြင့်မားမှာပါ။ ဖုန်းရဲ့ ညာဘက်ခြမ်းမှာ ပါဝါခလုတ်နဲ့ အသံခလုတ်တွေကို တွေ့ရပါတယ်။

အရင်က သူ့ကို Geekbench မှာ တွေ့လာရပြီ ဖြစ်ပြီး Samsung One UI 2.5 နဲ့ Snapdragon 865 Chipset ပါလာမှာ ဖြစ်ပါတယ်။ Galaxy Note Series တွေမှာလို နာမည်အတိုင်းပဲ S Pen Stylus ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ တချို့ သတင်းတွေအရ S20 Fan Edition သို့မဟုတ် S20 Lite လို့ နာမည်ပေးထားနိုင်ပြီး သူ့ရဲ့ တခြား Specs တွေကို မသိရသေးပါဘူး။

Samsung က အဲဒီ စမတ်ဖုန်းကို ဒုတိယနှစ်ဝက်နဲ့ Note20 Series နဲ့ Galaxy Z Flip 5G Version ကို ဩဂုတ်လမှာ ကြေညာနိုင်ပါတယ်။ ဒါ့အပြင် Galaxy Fold 2 ကို စက်တင်ဘာလမှာ ချပြနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: