Unisoc Processor ပါတဲ့ Nokia C3 ကို Geekbench မှာ တွေ့လာရပြီ

HMD Global က တန်ဖိုးနည်း Nokia C2 ကို မတ်လမှာ ကြေညာခဲ့ပြီး Nokia C1 ကို အရင်နှစ် ဒီဇင်ဘာလမှာ ချပြခဲ့ပါတယ်။ အခုတော့ နောက်မျိုးဆက် C3 လာတော့မယ်လို့ ထင်ပါတယ်။ Geekbench မှာ သူ့ကို တွေ့လာရပြီ ဖြစ်ပြီး လျှို့ဝှက်နာမည်ဟာ GamoraPlus ဖြစ်ပါတယ်။

1.20GHz Unisoc Processor မောင်းနှင်ထားပြီး 3GB RAM ပါပါတယ်။ တခြား Specs တွေကိုတော့ Geekbench မှာ မဖော်ပြထားပါဘူး။ မကြာခင်က Nokia ဖုန်း ၁ လုံးကို TENAA မှာ တွေ့လာရပြီး Specs အပြည့်အစုံကို ဖော်ပြထားပါတယ်။ အဲဒါဟာ C3 ဖြစ်မလားဆိုတာ မသေချာသေးပါဘူး။

သူ့မှာ ၅.၉၉ လက်မ HD+ မျက်နှာပြင်နဲ့ 1.6GHz Processor ပါလာမှာပါ။ ဒါဟာ Unisoc S9C9863A ဖြစ်နိုင်ပါတယ်။ Android 10 OS, 2GB RAM , 32GB Storage ပါလာမှာ ဖြစ်ပြီး microSD Card Slot ထည့်ထားမှာပါ။ 3,040mAh ဘက်ထရီ ပါလာမှာ ဖြစ်ပြီး အရှေ့ဘက်မှာ 5MP ကင်မရာနဲ့ အနောက်ဘက်မှာ 8MP ကင်မရာတွေ တပ်ဆင်ထားမှာပါ။ တရုတ်မှာ ၄ ရက်နေ့ ကြေညာနိုင်ပါတယ်။

Ref : gizmochina

%d bloggers like this: