Facebook က အမေရိကန်မှာ Music Video တွေ ထည့်သွင်းပေးပြီ

Facebook က ဒီ ၁ ပတ်ကစပြီး လူမှုကွန်ရက်မှာ Official Music Video တွေ ထည့်သွင်းပေးလိုက်ပြီ ဖြစ်ပါတယ်။ အမေရိကန်မှာပဲ ဒီဝန်ဆောင်မှုကို အသုံးပြုနိုင်သေးတာ ဖြစ်ပြီး Sony Music Group, Universal Music Group, Warner Music Group အပါအဝင် အထင်ကရ ကုမ္ပဏီတွေနဲ့ ပူးပေါင်း ပြုလုပ်ပေးလိုက်တာ ဖြစ်ပါတယ်။

Facebook Watch မှာ Official Music Video တွေကို ပြသပေးထားပြီး Music Tab အသစ်မှာ Categories , Themed Playlist တွေ ထည့်သွင်းပေးထားပါတယ်။ သင် သီချင်းနားထောင်တာ ကြာလာတာနဲ့အမျှ သင့်အကြိုက် Music Video တွေကို ရွေးချယ်ပြသပေးမှာ ဖြစ်ပါတယ်။ Facebook က တခြား Video တွေလိုပဲ React နဲ့ Comment တွေ ပေးတာ၊ Share လုပ်တာတွေ ပြုလုပ်နိုင်ပြီး သင် Follow လုပ်ထားတဲ့ အနုပညာရှင် Page ကနေ တက်လာတဲ့ Music Video တွေကိုလည်း သင့် News Feed မှာတွေ့မြင်နိုင်ပါတယ်။

Facebook က J. Balvin, Karol G, Sebastian Yatra, Alejandro Fernandez, Calibre 50 နဲ့ Lele Pons တို့ရဲ့ Music Video တွေကို လာမယ့် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ထည့်သွင်းပေးမယ်လို့ ပြောပါတယ်။ ဒီဝန်ဆောင်မှုကို တခြား နိုင်ငံတွေမှာ ပြုလုပ်ပေးမယ့် သတင်းကို မသိရသေးပါဘူး။

Ref : gsmarena

%d bloggers like this: