Huawei က EMUI 11, HarmonyOS 2.0 တို့ကို စက်တင်ဘာလမှာ ကြေညာမည်

Huawei က Developer Conference ကို နောက်လ ၁၀ ရက်ကနေ ၁၂ ရက်အတွင်း ကျင်းပတော့မှာ ဖြစ်ပါတယ်။ Huawei က ဒီသတင်းကို အတည်ပြုလိုက်ပြီ ဖြစ်ပြီး လက်မှတ်တွေကို ရောင်းပေးလိုက်ပြီ ဖြစ်ပါတယ်။ အဲဒီပွဲမှာ ကြေညာမယ့် အရာတွေကိုလည်း သိလာရပါပြီ။


Huawei က EMUI 11 , HarmonyOS 2.0 နဲ့ HMS Core 5.0 တို့ကို ကြေညာမှာ ဖြစ်ပါတယ်။ Huawei ဟာ Google ရဲ့ ARCore ကို ယှဉ်ပြိုင်မယ့် Huawei AR Engine ကို ပြီးခဲ့တဲ့ ရက်အနည်းငယ်က ကြေညာခဲ့ပြီး Huawei Device တွေအတွက် Augmented Reality Apps တွေကို ဖန်တီးဖို့ ဖြစ်ပါတယ်။ Huawei Computer Kit ကိုလည်း ကြေညာခဲ့ပြီး Kirin Processor တွေပါတဲ့ Device တွေမှာ 3D Rendering ပိုကောင်းလာစေမှာပါ။ ဒါ့အပြင် Audio Kit, image Kit, Video Kit နဲ့ Accelerate Kit တွေကိုပါ ချပြခဲ့ပြီးပါပြီ။

HarmonyOS 2.0 ကို PCs, Watches , Cars အပါအဝင် Device မျိုးစုံအတွက် ဖြန့်ချိပေးနိုင်ပါတယ်။ EMUI 11 မှာ ပါလာမယ့် လုပ်ဆောင်ချက် အသစ်တွေကလည်း စိတ်ဝင်စားစရာ ကောင်းမှာ သေချာပါတယ်။

Ref : gizmochina

%d bloggers like this: