Microsoft က တရုတ် ကုမ္ပဏီထံက‌နေ TikTok ကို ဝယ်ယူဖို့ Trump နဲ့ စကားပြောနေ

အမေရိကန် သမ္မတ ထရမ့်က TikTok ကို သူ့နိုင်ငံမှာ Ban မယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ပြောခဲ့ပြီးနောက် အခုတော့ Microsoft က TikTok ကို ဝယ်ယူဖို့ ဆွေးနွေးနေတယ်လို့ ပြောပါတယ်။ စီအီးအို Satya Nadella ဟာ TikTok ကို ဝယ်ယူဖို့ ထရမ့်နဲ့ ဆွေးနွေးနေတယ်လို့ Microsoft က သတင်းပေးလိုက်ပါတယ်။

TikTok ကို တရုတ် ကုမ္ပဏီ ByteDance က ပိုင်ဆိုင်တာ ဖြစ်ပြီး အမေရိကန်နဲ့ တရုတ်အကြားမှာ တင်းမာမှုတွေ ဖြစ်လာပြီးနောက် အမေရိကန် အာဏာပိုင်တွေက အဲဒီ App ကို စိုးရမ်လာခဲ့ကြပါတယ်။ App ကနေ အမေရိကန်ရဲ့ ဒေတာတွေကို ခိုးယူနိုင်တဲ့အတွက် နိုင်ငံရဲ့ လုံခြုံရေးကို ထိခိုက်စေနိုင်တယ်လို့ ယူဆထားကြပါတယ်။

Microsoft က “ TikTok ကို ဝယ်ယူမယ်ဆိုရင် အမေရိကန်အတွက် စီးပွားရေး အကျိုးအမြတ်ရမှာ ဖြစ်ပါတယ်။ လာမယ့် ရက်သတ္တပတ်အတွင်းမှာ ByteDance နဲ့ စကားမြန်မြန်ပြောမှာပါ။ အဲဒီ ကာလအတွင်း Microsoft ဟာ သမ္မတ အပါအဝင် အမေရိကန် အာဏာပိုင်တွေနဲ့ တောက်လျှောက် ဆွေးနွေးတိုင်ပင်နေမှာပါ။ “ လို့ သတင်းထုတ်ပြန်ထားပါတယ်။

Wedbush Securities ရဲ့ လေ့လာဆန်းစစ်သူ Daniel Ives က TikTok ရဲ့ တန်ဖိုးကို ဒေါ်လာ ၅၀ ဘီလီယမ်လောက် ရှိမယ်လို့ တွက်ချက်ထားပါတယ်။ Microsoft သာ TikTok ကို ဝယ်ယူနိုင်ခဲ့ရင် Facebook , Twitter တို့လို လူမှုကွန်ရက်တွေကို ယှဉ်ဖိုက်နိုင်တော့မှာပါ။

Ref : cnn

%d bloggers like this: